°3°

12.6K 1.1K 26
                                    

လွှာတို့ ဒီနေ့ ကျောင်းပိတ်၍ အိမ်မှာ အငြိမ်းစားရနေလေသည်။ မေမေက ဆိုင်သွားကာ ဦးငယ်က သူ့သူငယ်ချင်းတွေနှင့် အပြင်မှာတွေ့ဖို့သွား၍ လွှာတစ်ယောက်ထဲပင်။ ယောင်းယောင်းကလဲ မေမေ့ဆိုင်မှာအလုပ်လုပ်၍ ဒီနေ့က ယောင်းယောင်းလဲမအားပါ။ လျာလျာနှင့် ဂီဂီတို့နှင့်လဲ မတွေ့ဖြစ်သေးပါ။

*ဖုန်းကြည့်ရမယ်*

လွှာ ဖုန်းကိုထုတ်ကာ Facebookကြည့်နေလိုက်သည်။ ထိုစဉ် သူ့ဦးနှောက်ထဲ ဝင်လာသည်က ဟိုစီနီယာတွေ။

*အာဏာလွှမ်းကို ရှာကြည့်ရမယ်*

သူ လက်တွေကို အမြန်အလုပ်ပေးကာ Aar Nar Hlwanဆိုပြီး ရိုက်ရှာလိုက်သည်။ အရင်ဆုံး တွေ့ရသည့်အကောင့်က လျာလျာတို့ ဟိုတစ်နေ့က ပြသည့် အကိုကြီး။ အနက်ရောင်ကုတ်နှင့် စတိုင်ပန်မ် အနက်ကိုတွဲဝတ်ထားပြီး ထိုင်ခုံပေါ်တွင် ခြေချိတ်ထိုင်ထားသည့်ပုံက ခန့်ညားလွန်းလှသည်။ သူ profileကြည့်ရုံဖြင့် အားမရတော့ပဲ wallထဲဝင်ကြည့်ရန်ပြင်လိုက်သည်။

*Followers 100K ငါ မျက်လုံးများမှားတာလား*

သူ သုံးညတွေ ရေတွတ်ကြည့်လိုက်သည်။ အမှန်ပင် followers တစ်သိန်းတဲ့။ ဒါတောင် တစ်သိန်းထက်ပင်ပိုသေးသည်။ ဒီဘဲကြီးက ဆယ်လီကြီးပေါ့။ သူ ဘာကြောင့် မသိတာပါလိမ့်။

*ဘာမှလဲမရှိဘူး*

Wallထဲ လျှောက်မွှေကြည့်တော့ share‌ postတွေ သိပ်မရှိပေမယ့် သူတို့ သူငယ်ချင်းတွေ စကွက်ဖွဲ့ပြီးဆော့ထားသည့် ML pageကိုတော့ သူ့သူငယ်ချင်းတွေကို tagပြီး Shareထားလေသည်။

*ငါ ဝင်ကြည့်ရမယ်*

Tagထားသည့်သူတွေကိုကြည့်လိုက်တော့ ကိုကြီးမင်းလကျာ်တို့ပင်။ ထိုအကိုကြီးတွေရဲ့ ဖော်လိုဝါကလဲ တစ်သိန်းနီးပါးပင်။ လေးယောက်လုံးကလဲ ဘာမှမshareထားသလို သူတိူ့ ဆေးလိပ်ကိုင် ဘားရောက်နေသည့်ပုံတွေ တင်ထားတာတောင် likeက သုံးသောင်းကျော်နီးပါးရှိလှသည်။ သူ့လို you and 1 otherလေးကို မျက်နှာငယ်အောင် လုပ်နေသလိုပင်။

*အကုန်လုံးကို လိုက်အပ်ပစ်မယ်ကွာ*

လွှာ လက်ကပိုမြန်သည်။ အကုန်လုံးကို Requestလုပ်ထားလိုက်သည်။ ထိုစဉ် သူ့မျက်လုံးထဲ tagတွဲထားသည့်အထဲမှ မိန်းကလေးတစ်ယောက်တွေ့လိုက်ရသည်။ Shin Mwae Loonတဲ့။ သူ့စိတ်ထဲ တစ်ခုခုကို ဝမ်းနည်းသွားသလို ခံစားလိုက်ရသည်။ ဒီခံစားချက်ကို သူမပြောတတ်။ ထိုမိန်းကလေးaccကို tagတွဲထားသည်နှင့် တစ်ခုခုကို ဝမ်းနည်းလာသည်။

CrushWhere stories live. Discover now