🤍3🤍

1.5K 127 14
                                    

🐯Unicode🐯

"ဘယ်လိုဖြစ်ရတာလဲကွာ မင်းကလဲချက်ချင်းလက်ငင်း စောစောပိုင်းကငါဖုန်းဆက်တုန်းကမှအကောင်း ခုမှချက်ချင်းကျိုးသွားရတယ်လို့"

God ကတစ်ပွစိစိနဲ့ ကားတံခါးဖွင့်​ပေးပြီး Bright အိမ်ရဲ့ဧည့်ခန်းထဲထိတွဲလိုက်ပို့သည်။

"တော်သေးတာပေါ့ကွာ မင်းလာခေါ်ပေးလို့ မဟုတ်ရင်ငါ့ကိုအသက်ရှင်ရက်နဲ့ မင်းမြင်ရမယ်မထင်ဘူး"

ထိခိုက်ထားတဲ့ခြေတစ်ဖက်ကို ဆိုဖာပေါ်အသာအယာဆန့်တင်ရင်း Bright ကြက်သီးထဟန်ဖြင့် ညည်းညည်းငြူငြူပြောလိုက်တော့ God ကခေါင်းမော့ကာဟားတိုက်တော့သည်။

"ဒီကလေးလေး မင်းကိုတော်တော်ဒုက္ခပေးတာပဲ မင်းသူ့အကြောင်းကြားဖူးလား"

"ဘာဖြစ်လို့လဲကွ ငါသူ့ကို Mark မွေးနေ့ကမှစသိတာ"

"သူက Metawin Group ကအငယ်ဆုံးသားလေ"

Bright မျက်ခုံးတစ်ဖက်ပင့်တင်လိုက်ပြီး တစ်ခုခုကိုဆက်စပ်တွေးတောလိုက်သည်။

"မင်းပြောတာ Clothing Brand အသစ်တွေကိုလိုက်မြှုပ်နှံနေတဲ့ကုမ္ပဏီလား"

"စကားလှအောင်ပြောမနေပါနဲ့ကွာ..Popular ဖြစ်တဲ့ Brand မှန်သမျှ Metawin Group လက်အောက်ရောက်သွားကြတာပဲ..ဘယ်လိုပုံစံနဲ့လဲတော့မသိဘူးကွာ..သတိတော့ထားရမယ်လို့ထင်တာပဲ..ဒီပုံစံအတိုင်းဆိုငါတို့လိုနောက်ပေါက်တွေအတွက်..ပိုခက်ခဲသွားပြီ"

"သေချာမသိပဲ မပြောတာအကောင်းဆုံးပါကွာ..နယ်ပယ်ချင်းတူနေတော့တစ်နေ့နေ့တော့ငါတို့သိရမှာပေါ့"

ခပ်ပေါ့ပေါ့ပြောပြီး ဆိုဖာနောက်မှီပေါ်..ခေါင်းလှန်ချကာမျက်လုံးကိုအနားပေးရန် မှေးစင်းလိုက်တော့သည်။

အ့ဒီ့ခုန်ဆွခုန်ဆွလေးက Metawin group ရဲ့အငယ်ဆုံးသားတဲ့လား.....မထင်ရဘူးပဲ..

ခေါင်းထဲအလိုလိုရောက်လာတဲ့ပုံရိပ်လေးကို သေချာပြန်မြင်ယောင်ကြည့်နေမိသည်။

ကိုယ့်ကုမ္ပဏီထုတ်တံဆိပ်ကလေးနဲ့ T-Shirt လေးကို ဂျင်းဒူးကျလေးနဲ့တွဲဖက်ဝတ်ဆင်ထားပြီး ခြေထောက်မှာကသာမာန် Shoe အဖြူရောင်လေး လက်မှာနာရီလေးတစ်လုံးလဲရှိတယ်ထင်ရဲ့။နာရီကတော့စျေးကြီးမယ့်ပုံပဲ။သေချာတောင်သတိမထားမိ။

သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed Where stories live. Discover now