🐯Unicode🐯
"Win! ဘာလုပ်တာလဲ"
"အိမ်ပြန်မလို့လုပ်နေတာ မမြင်ဘူးလား!ခင်များပဲနှင်ထုတ်နေတာလေ!"
အမှိုက်ထုပ်လေးက သူ့အမှိုက်အိတ်ထဲအကုန်ထည့်ပြီး အခန်းထဲကထွက်သွားတော့မည့်ဟန်ကြောင့် Bright လှမ်းဆွဲလိုက်မိသည်။
"ကိုယ်နှင်မထုတ်တာ မင်းသိရက်နဲ့ ဘာလို့တမင်စကားနာထိုးနေရတာလဲ! မင်းအ့လိုထင်ရင်လဲမတားဘူးကွာ ကြိုက်သလိုထင်!"
Win မျက်နှာက လွန်ခဲ့တဲ့စက္ကန့်ပိုင်းထက် ပိုပြီးတင်းမာသွားသည်။
"ဒါဆိုလဲ လွှတ်လေ!ဘာကိစ္စလာဆွဲနေသေးလဲ!ဘာလဲ ကျွေးမွေးစရိတ်ပြန်တောင်းမလို့တော့ မဟုတ်ပါဘူးနော်"
"Win! !"
*တီ......တီ....တီ..*
ကျယ်လောင်တဲ့ ဟွန်းသံကြောင့် အိမ်အောက်ထပ်ဆီ နှစ်ယောက်လုံးရဲ့စိတ်က ခနရောက်သွားကာ ငြိမ်သက်သွားသည်။
"ကျွန်တော့်အမထင်တယ်! သွားတော့မယ်!"
ဆွဲထားမိတဲ့လက်တစ်ဖက်က အသာရုန်းထွက်သွားတဲ့အခါ လစ်ဟာပြီးကျန်ခဲ့တာက လေထဲမှာဆန့်တန့်လျက်သား လက်တစ်ဖက်တည်းမဟုတ်ပဲ ရင်ဘတ်တစ်ခုလုံးဖြစ်နေတာ....။
"Win!"
ဘာပြောဖို့ကြိုးစားနေတာလဲ ကိုယ့်ကိုယ်ကိုယ်တောင်သေချာမသိပေမယ့် အိတ်လေးဆွဲပြီး လှေကားကနေဆင်းသွားတဲ့သူနောက်ကို Bright ထပ်ကြပ်မကွာ ဆင်းလိုက်လာမိသည်။
.
.
.
"Aww...ဧည့်သည်ပါလား..ဘာကိစ္စရှိလို့လဲမသိဘူး""အာ....အန်တီ..ဒါ Bright Vachirawit တို့အိမ်ဟုတ်ပါတယ်နော်"
"သားနဲ့တွေ့ချင်လို့လား...အန်တီခေါ်ပေး"
"မဟုတ်ဘူး..မဟုတ်ဘူး..အန်တီ..ဒီအိမ်မှာ Win ဆိုတဲ့ကလေးများ ရှိသလား..သူနဲ့တွေ့ချင်လို့ပါ"
"Win! Win! အော်...ဟိုစပွန်ဆာကောင်လေး ထင်တယ်..အယ်..ဟိုမှာ..ဟိုမှာ..ဟိုကလေးလား.."
"စ..စပွန်....ဆာ!"
အန်တီကြီးရဲ့စကားကြောင့် Cho မျက်လုံးတွေတောင် ပြူးကျယ်သွားရသည်။ဘုရား...ဘုရား...ဘာတွေဖြစ်ကုန်တာတုန်း!
ESTÁS LEYENDO
သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed