🤍10🤍

1.4K 121 4
                                    

🐯Unicode🐯

ဖိဘိုက်ရေချိုးပြီးထွက်သွားတော့ Win ကသုတ်ကရုတ်ရေချိုးပြီး ဝယ်လာတဲ့ဝတ်စုံတွေကို ဘာရောင်လား ဘယ်ပုံလား မစူးစမ်းနိုင်ပဲ တွေ့ရာဆွဲထုတ်ပြီးဝတ်ကာ အောက်ထပ်ဆင်းလာခဲ့သည်။

အိမ်အောက်ထပ်ရောက်တော့ Phi ကိုမတွေ့တော့။အပြင်သွားပြီထင်။ဧည့်ခန်းထောင့်နားမှာ မတ်တပ်ရပ်လျက်သား ဖိဘိုက်ရဲ့ Mae ကိုတွေ့လိုက်ချိန်မှာ သူကလဲကိုယ့်ကိုတွေ့သွားဟန်တူသည်။

Phi ရှိမယ်ထင်ပြီး အောက်ထပ်ဆင်းလာတာလေ.....။

တစ်ယောက်နဲ့တစ်ယောက် ခနကြောင်ကြည့်ပြီးနောက်တော့ နှစ်ယောက်သား ဘာလုပ်လို့လုပ်ရမှန်းမသိ။အစိမ်းသက်သက် သူစိမ်းနှစ်ယောက်ဆိုတော့ ဘယ်ကစပြီးဘာပြောရမှန်းမသိ။သူအနေခက်သလို ကိုယ်လဲအနေခက်သည်။

ဖိဘိုက်..ကျွန်တော့်ကို ထားခဲ့ရက်တယ်။

Win ကြောင်အမ်းအမ်းနဲ့ လှေကားခြေရင်းက လက်ကိုင်ဘုလေးကိုကိုင်ရင်း အပေါ်ပဲပြန်ပြေးတက်ရတော့မလိုလို..နှုတ်ပဲနှုတ်ဆက်လိုက်ရတော့မလိုလိုနဲ့။

"အဟမ်း! ဟိုဟာ.......Bright ကမှာခဲ့တယ်။မင်းကို မနက်စာကျွေးလိုက်ဖို့.."

"arrr....hoke!"

အနေခက်မှုကို စတင်ဖြိုခွဲလိုက်တဲ့ Phi ရဲ့ mae ကြောင့် Win လဲ ပျာပျာသလဲတုံ့ပြန်လိုက်သည်။

"ထမင်းစားခန်းကိုလိုက်ခဲ့လေ...ဟိုကလေး"

"hoke!"

ထမင်းစားပွဲပေါ်မှာ ဟင်းဗူးတွေတစ်ဗူးပြီးတစ်ဗူးဖွင့်နေတဲ့ mae ကမေးငေါ့ပြတော့ Win အတွက်ပြင်ပေးထားတဲ့နေရာမှာ ဝင်ထိုင်လိုက်သည်။

"ခေါက်ဆွဲပြားကြော်ပေးမယ် ခနစောင့်!"

"Hoke!"

Win ပဲတစ်ဟုတ်ဟုတ်လုပ်နေလို့များလားမသိ.. Mae ကနောက်ပြန်လှည့်ကြည့်လာတော့ Win ဟိုကြည့်သည်ကြည့်နဲ့ ရီပြလိုက်သည်။ကြောင်တောင်တောင်တော့ နိုင်မှာပေါ့။

"နာမည် ဘယ်လိုခေါ်လဲ"

"Win ပါခင်မျ"

"Bright နဲ့အတူနေတာလား"

သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed Donde viven las historias. Descúbrelo ahora