🤍16🤍

1.4K 123 11
                                    

🐯Unicode🐯

Win ခေါင်းကိုအသေငုံ့ပြီး ရုံးခန်းထဲကပြေးထွက်လာပေမယ့် အရပ်ရှည်တဲ့ Win ခေါင်းငုံ့ထားတာဟာ ဝန်းထမ်းတွေရဲ့တအံံ့တသြလိုက်ကြည့်နေကြတဲ့ အကြည့်တွေကိုလွတ်အောင် မစွမ်းဆောင်နိုင်ပါ။

"Win ဘာဖြစ်တာလဲ"

"ဘာဖြစ်လာတာလဲ!"

အမေးတချို့ကို ခေါင်းအသာခါပြလို့ ခပ်သွက်သွက်ကျောခိုင်းလာခဲ့သည်။

Company အဆောက်အဦးရှေ့က ပိုစတာတွေထောင်ထားတဲ့ကြားထဲမှာ ငုတ်တုတ်ကလေးထိုင်ပြီး ငိုလိုက်သေးသည်။ငိုလိုဝတော့မှ ခေါင်းကလေးပြူကြည့်ပြီး ယောင်လည်လည်နဲ့ရပ်ကာ Taxi ဘယ်နေရာငှားရမလဲ စမ်းတစ်ဝါးဝါးလျှောက်လာခဲ့သည်။

ကျောင်းကနေ ဖိဘိုက်အလုပ်ထိ Mark ကလမ်းကြုံဝင်ပို့ခဲ့တာပါ။
ခုကျမှ ဘယ်လိုပြန်လာခေါ်ခိုင်းတော့မလဲ။

အိမ်က ကားကိုလှမ်းခေါ်လို့ရပေမယ့် Win ကဒီလို အလုပ်ပိုစေတဲ့သူမျိုးမဟုတ်။

"Win! ဘယ်ကိုလာတာလဲ လူများမှားသလားလို့မင်းပဲ!"

ဖိဘိုက် Company နဲ့မလှမ်းမကမ်းမှာယောင်ချာချာ ရပ်နေတဲ့ Win က အသံကြားရာဆီ မျက်လုံးဝေ့ကြည့်တော့ Company မျက်စောင်းထိုးက Coffee ဆိုင်ထောင့်နားဆီကဖြစ်နေသည်။

ကားတံခါးဖွင့်ပြီးဝင်တော့အံ့ဆဲဆဲအမျိုးသမီးက Win ကိုတွေ့တော့ ကားတံခါးပြန်ပိတ်လိုက်ပြီး Win ဆီလျှောက်လာသည်။

နေပါဦး...ဒီတစ်ယောက်ကို သိသလိုလိုတော့ရှိပါရဲ့..သေချာမမှတ်မိလို့ Win တစ်ဖက်လှည့်ပြီးလက်သည်းကိုက်ကာ ခန့်မှန်းနေရသည်။

အာ...သတိရပြီ..ငါ့ကိုလက်ဝါးစာကျွေးလိုက်တဲ့ စကတ်မမ!

"Win ကိုတောင်းပန်ချင်နေတာ...တို့လဲ မင်းတက်နင်းလိုက်လို့လူရှေ့သူရှေ့ စကတ်ပြဲသွားတော့ မွှန်ထူပြီးပါးရိုက်လိုက်မိတာ..သေချာတွေးကြည့်တော့ မတော်တဆဖြစ်တာပဲလေ"

"ရ..ရပါတယ်..ကျွန်တော်ကလဲ ကသမ်းကရမ်းလျှောက်တာကိုး..ပါးရိုက်ခံရတာ မှတ်တောင်မမှတ်မိတော့ပါဘူး"

ညာပြောတာ..ပါးရိုက်ခံရတာမမှတ်မိပဲနေမလား! လက်သံပြောင်ချက်က သုံးလေးရက်လောက် Win ရဲ့ပါးယောင်ကိုင်းသွားတာကိုး။

သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed Where stories live. Discover now