🐯Unicode🐯
"တကယ်လား"
"တကယ်ပေါ့...ပါးကညာပါ့မလား"
"သားကို ပင်တိုင်မော်ဒယ်လုပ်ခိုင်းရမှာနော်..."
"အမ်! အ့တာကတော့.."
အခက်တွေ့သွားတဲ့ ပါးကိုကြည့်ပြီး Win မျက်စောင်းထိုးလိုက်သည်။
"သွားဗျာ..သွား..သွား..တကယ်လုပ်ခိုင်းမှာလဲမဟုတ်ပဲနဲ့ လာညာနေတယ်..လူကိုအရူးလုပ်လို့ရမယ်ထင်လား.."
ရှေ့သွားနှစ်ချောင်းထုတ်ပြီး မာန်ဖီနေတဲ့အကောင်ပေါက်က စိတ်ဆိုးပြီး မြင်ရာတွေ့ရာစာအုပ်တွေ လွှင့်ပစ်နေပြန်သည်။
"မယ်ထဝင်း..လွန်နေပြီလို့မထင်ဘူးလား..အကြောင်းအရင်းမယ်မယ်ရရမရှိဘဲ အိမ်မှာသောင်းကျန်းနေတာ ဘယ်လောက်ကြာနေပြီလဲ..ပင်တိုင်မော်ဒယ်လုပ်တာ လွယ်တဲ့ကိစ္စများမှတ်နေလားဟမ်..ငါ့တို့ကုမ္ပဏီတစ်ခုလုံးရဲ့ပုံရိပ်ကို မင်းဆီများအပ်လိုက်ရင် ဇောက်ထိုးမိုးမျှော်တွေဖြစ်ကုန်မှာပေါ့..ပြီးတော့ ခုလက်တွဲထားတဲ့မော်ဒယ်ကို ဘယ်လိုလုပ်မလဲ..ပြော..ငါတို့ကဘယ်ချောင်ကိုသွားပြီး ပို့ပစ်လိုက်ရမှာလဲ"
"မသိဘူးဗျာ...မသိဘူး! အ့ကိစ္စဘယ်သူကအရင်လာစတာလဲ..မားယောကျ်ားကအရင်လာပြောတာ..ဘာလို့ Win အပြစ်ဖြစ်ရတာလဲ!!!!!!"
ထုံးစံအတိုင်း စိတ်ဆိုးရင် ခြေသံကိုတစ်ဝုန်းဝုန်းမြည်အောင်နင်းပြီး အပေါ်ထပ်ပြေးတက်သွားတဲ့ Win ကိုကြည့်ပြီး Cho တို့သားအမိ သက်ပြင်းချလိုက်သည်။ဒီတိရိစ္ဆာန်လေးကို ဘယ်လိုလုပ်ရမလဲ။
"ပါး..စိတ်မကောင်းမဖြစ်ပါနဲ့..Win ကဒီတိုင်းပဲဟာကို..Cho ပြောသားပဲ..သူစိတ်ပြေအောင်ဘာမှလုပ်မရပါဘူးဆို"
မှိုင်ထွေနေတဲ့ Win ကို စိတ်ပြေလို့ပြေငြားဆိုပြီး သူဝါသနာပါတာလေးတွေနဲ့ဆွဲဆောင်ကြည့်ဖို့ ဇာတ်လမ်းစလိုက်တာ..ခုတော့ ကိုယ့်ရှူးကိုယ်ပတ်...တစ်ရာသီစာမော်ဒယ်လုပ်ခိုင်းတာကို ဒင်းက ပင်တိုင်မော်ဒယ်ပါ လုပ်ချင်သေးသတဲ့။
"ကလေးကစားစရာမှတ်နေလားမသိ...Win ကတကယ်ပါပဲ..ဒါမှမဟုတ်...Cho ရဲ့ Brand အသစ်ကို..."
BẠN ĐANG ĐỌC
သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed