🐯Unicode🐯
မနက်အစောကြီး နေ့တိုင်းထနေတော့ holiday မှာတောင် Brightမျက်လုံးကအလိုလိုပွင့်နေသည်။တစ်ယောက်တည်းလဲ မပြေးချင်တာနဲ့ အိပ်ယာထဲမှာ ဟိုလှိမ့်ဒီလှိမ့် ခွေခေါက်နေရသည်။
ဒီနေ့ ပိတ်ရက်ဆိုတာတောင် သတိရရဲ့လား...
ညတုန်းကစက်ပိတ်ထားတဲ့ ဖုန်းကိုပြန်ဖွင့်ကြည့်တော့ misscall လေးတစ်ခုကလွဲလို့ ဘာမှမတွေ့ရ။ငါစိတ်ဆိုးသွားမှန်းရော သိရဲ့လားပဲ။နည်းနည်းပါးပါး လာချော့ဖော်တောင်မရဘူး။
နက်ဖြန်သဘက်ပဲ စာမေးပွဲဖြေရတော့မယ်...ခုထိသူ့မှာ သွားလို့လာလို့ မပြီးနိုင်ဘူး။စာကအတော်လုပ်တော့ အောင်ပါလိမ့်ဦးမယ်။
📱ကလင်....ကလင်....ကလင်
📱hello!
📱အေ့ Bright ရေ...mae ဒီလမလာဖြစ်ဘူးသိလား..မင်းလဲပိတ်ရက်လေးဘာလေး အိမ်ပြန်လာပါဦးဟဲ့..အ့မှာ ဟင်းခြောက်တွေနဲ့မုန့်တွေ ပို့လိုက်တယ်..လာပို့ရင်ထွက်ယူလိုက်ဦး
📱ဟုတ်! ဟုတ်!
mae မှာသမျှကြားသမျှကို တစ်ဟုတ်ဟုတ်နဲ့သာ ဖြေနေသည်။စိတ်က မရောက်တစ်ချက် ရောက်တစ်ချက်။
mae ဖုန်းချသွားတော့ call list ထဲမှာရှေ့ဆင့်နောက်ဆင့်ဖြစ်နေတဲ့ Win ဆီလက်ကဆက်ချင်သေးသည်။စကားလဲပြောချင်တယ်..အရင်လဲမပြောချင်ဘူး..နေလဲမနေနိုင်ဘူးဆိုတဲ့ Bright ကတော့ ဘယ်လိုစဆက်ရင်ကောင်းမလဲ အကြံထုတ်နေသည်။
ဖုန်းတစ်တီတီဝင်နေတာကို တော်တော်နဲ့မကိုင်တဲ့ Win ကြောင့် ပြေချင်ချင်ဖြစ်နေတဲ့စိတ်က ပြန်ကွေးချင်နေပြီ။နာရီကြည့်တော့ ကိုးနာရီပဲဖြစ်နေပြီ။ခုလောက်ဆိုနိုးသင့်နေပြီပေါ့။
📱ဘာလဲ!!!!! မအားဘူး!!
ဖုန်းကိုင်ကိုင်ချင်း နားထဲဆောင့်ဝင်လာတဲ့အော်သံကြောင့် Bright နားတစ်ဖက်အူသွားသည်။
📱မအားရအောင် မင်းကဘာလုပ်နေလို့လဲ!!
📱အိပ်နေတယ်!!
📱အော်..အေးအေး ငါလဲအားမနေပါဘူး!!!
📱ဘာလုပ်နေတာမလို့လဲ!!
YOU ARE READING
သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed