🤍4🤍

1.5K 118 11
                                    

🐯Unicode🐯

"Mark မင်းကောင်ကိုလှမ်းကြည့်ဦး စော်ငြင်းခံလာရသလားဘာလား ဟဟ"

ကန်တင်းထဲကို စိတ်ပျက်လက်ပျက်ခေါင်းငိုက်စိုက်ပြီးဝင်လာတဲ့ Win ကို Fluke ကမေးဆတ်ပြတာကြောင့် Mark လှမ်းကြည့်ပြီးလက်ပြလိုက်သည်။

"ဟျောင့် ဘာဖြစ်လာတာလဲ"

"စော်ငြင်းလိုက်တာမလား"

တစ်လုံးမှပြန်မပြောတဲ့ Win ကြောင့် Mark နဲ့ Fluke တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကာ ခေါင်းခါပြလိုက်သည်။အခြေအနေမဟန်တဲ့သဘော....။

"အကြောင်းမလှလို့ ပါးပါအချခံလိုက်ရလို့နေမှာပေါ့ Mark ရယ် မေးမနေနဲ့"

"ငါ့ပါးကအနီကွက်က ကိုယ့်ဘာသာပြန်ရိုက်ထားတယ်ထင်နေလား"

"ဟ တကယ်ကြီး!"

"တကယ်ကြီးအချခံလိုက်ရတာလားဟ"

Mark က Win ရဲ့မျက်နှာကို လက်နှစ်ဖက်နဲ့ဆွဲယူပြီးအနီးကပ်ကြည့်လိုက်တော့ Win ရဲ့နှုတ်ခမ်းကထော်ထွက်လာသည်။ခပ်မဲ့မဲ့လေးဖြစ်နေတဲ့ Win ကဘာမှမပြောပဲငြိမ်ခံနေတာကြောင့် ပါးချခံရတာသေချာလောက်ရဲ့။မဟုတ်ရင် ဒီလိုငြိမ်ချက်သားကောင်းနေမှာမဟုတ်။

"ဘာဖြစ်လာတာလဲ မင်းသုံးယောက်ပြိုင်တွဲနေတာသိလို့ လာပြီးဝိုင်းသမသွားတာလား နည်းတောင်နည်းသေး"

"Fluke ရာ မင်းကငါ့ဆိုပြောလိုက်ရင် တနင့်တပိုး အ့လိုဖြစ်စရာလား သုံးယောက်မပြောနဲ့ဆယ်ယောက်ပြိုင်တွဲရင်တောင် Win တို့ကအေးဆေး"

မျက်ခုံးတစ်ပင့်ပင့်နဲ့ ပြန်ပြီးထောင်လွှားထောင်လွှားဖြစ်လာတဲ့ပုံကြောင့် သကောင့်သားကိုသနားနေတဲ့စိတ်တောင်လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။

"ဘီလူးခေါင်းကပြန်ထွက်လာပြီ သနားမိတာငါတို့ဘာသာတောင် ရှက်တယ် "

"အေ့လေ"

"ဟဲဟဲ ပါးအချခံရတာက နည်းနည်းလေးလွဲသွားလို့ပါ ငါကဖိနပ်ကိုတက်နင်းပြီးရင်နှီးမလို့ ဖိနပ်ကိုလိုက်တက်နင်းလိုက်တာ အ့စော်ရဲ့စကတ်စကရှည်နေတော့ ဖိနပ်အစားစကတ်တက်နင်းမိလိုက်တာ ပေါင်ရင်းထိပြဲသွားရော အ့တာနဲ့တောင်းပန်ချိန်တောင်မရလိုက်ဘူး ပါးရိုက်ခံလိုက်ရရော"

သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed Where stories live. Discover now