🤍9🤍

1.3K 123 11
                                    

🐯Unicode🐯

"အိမ်မှာ ခနဆင်းကျန်ခဲ့ ကိုယ်ရုံးခန်းကိုခနပြန်သွားရဦးမယ် ပြန်ရင်စားဖို့တစ်ခုခုဝင်ဝယ်ခဲ့မယ် ခုဗိုက်ဆာရင်ရေခဲသေတ္တာထဲက တစ်ခုခုစားနှင့်"

"Omm"

ပေးတဲ့သော့ကိုယူပြီး စူပွပွလေးဆင်းသွားတဲ့ ကောင်လေးကိုစိတ်မချတာနဲ့ပဲ အလုပ်ကစိတ်မဖြောင့်ပါဘူး။အရေးကြီးတာပဲ လုပ်ပြီးကျန်တာတွေအကုန် လွှဲနိုင်တဲ့သူကိုလွှဲခဲ့ကာ ဝယ်စရာရှိတာဝယ်ပြီး ပြန်ခဲ့ရသည်။

"Win အ့တာဘာလုပ်နေတာလဲ နေစရာရှားလို့ ထ! ထ!"

ဆိုဖာနောက်မှီပေါ် ခြေထောက်ကိုမိုးပေါ်မှီထောင်ပြီး ဇောက်ထိုးအိပ်နေတဲ့ ကောင်လေးက Bright အသံကြားတော့ မျက်လုံးမဖွင့်ချင်ဖွင့်ချင်နဲ့ ဖွင့်ကြည့်သည်။

"ကြက်ကြော်နဲ့ ဖျော်ရည်ပဲဝယ်လာခဲ့တယ်ပြေတယ်မလား"

Bright ဝယ်လာတဲ့ပါဆယ်တွေကို ဧည့်ခန်းစားပွဲပေါ်မှာ သေချာနေရာချပြီး မထချင်ထချင်အီးအဲဖြစ်နေတဲ့ Win ကိုအတင်းဆွဲထူရသည်။

"ထမင်းစားချိန်ကြီးကို"

အလိုမကျဟန်နဲ့ လေးတိလေးကန်ပြောနေတဲ့ Win ကို ပိုက်စိုက်ပြီးသားဖျော်ရည်ဘူးကမ်းလိုက်သည်။

"ဘယ်သူ့အိမ်လာပြီး ဂျီကျနေတာလဲ ဧည့်သည်လေးရယ် ကိုယ်မချက်တတ်ဘူး ရယ်ဒီမိတ်တွေပဲဝယ်စားတယ်"

"ထမင်းပဲစားချင်တာ"

ကြက်ကြော်ကိုဖဲ့နေတဲ့ Win ရဲ့လက်တွေက အားမပါတာမြင်တော့ Bright မနေနိုင်မထိုင်နိုင် ဖဲ့ပေးရပြန်သည်။

"ရတယ်"

"လူကဖြင့် ဗိုက်ဆာလို့နုံးခွေ့နေပြီ ဂျီးကများနိုင်တုန်း ညနေကျရင်ရိုးရာစားသောက်ဆိုင်လိုက်ပို့မယ် အိုခေ?"

သိပ်ကျေနပ်ပုံမပေါ်ပေမယ့် ခေါင်းအသာငြိမ့်ပြတာမြင်တော့မှ Bright အသက်ရှူနိုင်တော့သည်။

တက်တက်ကြွကြွမရှိဘဲ လှုပ်စိလှုပ်စိမျက်နှာငယ်လေးကို မြင်ရပြန်တော့လဲ Bright မှာအရိပ်တစ်ကြည့်ကြည့်နဲ့နေရပြန်ရော...မဆီမဆိုင် သူများသားသမီးကို အိမ်ပေါ်တင်ပြီး ဂရုစိုက်နေရတာ တယ်ကြီးတဲ့ဝဋ်ကြွေးပါလား....
.
.
.
စရောက်တဲ့ နေ့ထဲကငေးငေးငိုင်ငိုင်နဲ့ မျက်နှာကျက်ကို စိုက်ကြည့်ရင်ကြည့်..မကြည့်ရင် ဆိုဖာပေါ်ခွေခွေလေးလှဲပြီး TV ကြည့်နေတတ်သည်။

သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed Dove le storie prendono vita. Scoprilo ora