🤍29🤍

1.1K 92 9
                                    

🐯Unicode🐯

နားထဲကို ဆူဆူညံညံဝင်လာတဲ့ဖုန်းမြည်သံကြောင့် Win မျက်လုံးမဖွင့်ပဲ အိပ်ယာပေါ် တွန့်လိမ်ကာ ကွေးထားတဲ့ခြေထောက်တွေကို ဟိုကန်ချဒီကန်ချနဲ့ဆန့်ထုတ်လိုက်သည်။

"ဟာကွာ....စိတ်ရှုပ်လိုက်တာ ဒီနေ့အပြည့်အဝအိပ်မှာလို့ပြောထားတာကို စောစောစီးစီးလှမ်းဆက်ပြန်ပြီကွာ....ကျစ်!"

Win မနေ့က MTVအသေးစားလေးတစ်ခု လက်ခံရိုက်ကူးရသည်။
ရိုက်ကွင်းမှာ ဟိုဟာအဆင်မပြေဒီဟာအဆင်မပြေနဲ့ တော်တော်နောက်ကျသွားတဲ့အပြင် ပရိုဂျူဆာက ညစာစားပွဲအသေးလေးလုပ်ပေးသေးတာကြောင့် ညအတော်နက်သွားသည်။

Win ကခုမှ ဒီလောကထဲတိုးဝင်ဖို့ကြိုးစားနေဆဲကာလမို့ တချို့အရာတွေမှာ စိတ်မပါလဲအလိုက်အထိုက်နေမှ တော်ကာကျမည်။
ဖိဘိုက်ကလား? ဖိဘိုက်ကတော့ Win ဘာလုပ်လုပ် ဘာမှမထောက်ခံဘူး။အမြဲတမ်း ဟိုတားဒီတားနဲ့ Win နဲ့အစေးမကပ်လှတာမို့ ဒီရက်ပိုင်း နည်းနည်းအလှမ်းကွာနေသည်။

ညကလဲ အိမ်ပြန်နောက်ကျလို့ မနက်မပြေးပဲနားမည့်အကြောင်း ဖုန်းလှမ်းဆက်တော့ ကောက်ကာငင်ကာ ဖုန်းချသွားသည်။ထပ်ခေါ်တော့ စက်ပိတ်ထားပါသည်တဲ့။သိသားပဲ စိတ်ဆိုးသွားတာ ဟမ့်!

📱ဘာလဲ! ပြော!!!!

အိပ်ချင်မူးတူးနဲ့ ဖိဘိုက်မှတ်ပြီးဖုန်းဆွဲယူကာ ဆောင့်ဆောင့်အောင့်အောင့် ဖုန်း​ဖြေလိုက်သည်။

📱sorry Win အိပ်ယာမနိုးသေးတာလား

ဖိဘိုက်အသံမဟုတ်တာကြောင့် Win ခေါင်းထောင်သွားသည်။ Contact Name ကိုကြည့်လိုက်တော့မှ Win ရဲ့ယာယီမန်နေဂျာအဖြစ် Companyကတွဲပေးထားတဲ့ P'Toptap ဖြစ်နေသည်။
Company နဲ့စာချုပ်ချုပ်ပြီးရင်တော့ Win ရဲ့တရားဝင်မန်နေဂျာဖြစ်လာတော့မှာ ဖြစ်ပေမယ့်ခုတော့ ယာယီလက်တွဲလုပ်ဆောင်နေတဲ့ Event တချို့ကြောင့်သာ ဆက်သွယ်ပတ်သတ်တာကလွဲလို့ Win နဲ့ထို Company ကြားမှာ တခြားဆက်နွယ်ချက်မရှိသေးပေ။

Win ပြာရိပြာယာကုန်းထလိုက်ပြီး..မျက်ခွံနှစ်ဖက်ကို လက်ခုံနဲ့ပွတ်ကာ မျက်လုံးဖွင့်ကြည့်လိုက်သည်။

သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed Donde viven las historias. Descúbrelo ahora