🐯Unicode🐯
ဒီရက်ပိုင်း ရုံးခန်းကြီးကတိတ်ဆိတ်နေလို့ Bright တစ်ခုခုလိုနေသလိုတောင် ခံစားရသည်။
စိတ်မဆိုးတော့တဲ့ကလေးက လမ်းကြုံတောင်ဝင်မလာတော့တာကြောင့် Bright စိတ်ခုနေမိပြီ။
💬 ဖိဘိုက် ဟော့ပေါ့လိုက်ဝယ်ကျွေးပါလား
တစ်ပတ်ကျော်လောက်မှ ထဆက်သွယ်တဲ့ message တစ်စောင်ကြောင့် Bright နှာမှုတ်လိုက်သည်။ထင်သားပဲ..သူတစ်ခုခုလိုတော့မှ လာဆက်သွယ်တာ။
💬 အားယားမနေဘူး Win
💬 🥺🥺🥺
ငချွဲ......
ပြန်ပို့လာတဲ့ အီမိုဂျီကိုမြင်တော့ အပြင်မှာ Win ဖြစ်နေမယ့်ရုပ်ကလေးကို မြင်ယောင်ကာ ပြုံးလိုက်မိသည်။
တစ်ပြိုင်တည်းမှာပဲ ထိုင်ရာကထပြီး အပေါ်ဝတ်ကို ခုံနောက်မှီကဆွဲယူကာ ကားသော့ကိုလက်ကလှည့်ပြီး ရုံးခန်းထဲမှထွက်လာခဲ့သည်။"ဟဲ့ ခုပွဲပြီးရင်လေ ငါ့သူငယ်ချင်းတို့ကုမ္ပဏီက Staff party ကိုကမ်းခြေမှာလုပ်ပေးမှာတဲ့သိလား"
"ဟုတ်လား ပျော်စရာကြီးနေမှာ ငါတို့ကျတော့ရော"
"အမလေး ငါတို့ဖိဘိုက်လေးက ဘာပွဲမှလုပ်မပေးလောက်ဘူး"
"ပြောရမလားဟဲ့ ဆောင်းဦးအဖွင့်ပွဲမှာသာ feedback ကောင်းရင် လုပ်ပေးရင်ပေးမှာပေါ့ ငါတို့ဘိုက်ဘိုက်ကလေးက.."
Bright အသံကြားရာဘက်လှည့်ကြည့်လိုက်တော့ ဝန်ထမ်းကောင်မလေးသုံးယောက်က စားပွဲတစ်လုံးမှာခေါင်းချင်းဆိုင်နေကြတာပင်။
"သူဌေး! ! !"
Bright ကအကြောင်းမကြားဘာမကြားနဲ့ ရုတ်တရက်ထထွက်လာတော့ ဘယ်ဝန်ထမ်းမှသတိမထားမိဘဲ ရယ်ကာမောကာနေနေကြရင်းမှအတွင်းရေးမှူးရဲ့သတိပေးသလို ခပ်ကျယ်ကျယ်ခေါ်သံကြောင့် အကုန်တိကနဲငြိမ်ကျသွားသည်။
Bright မျက်နှာကလိုတာထက်ပိုတည်တင်းနေတာကြောင့် ဝန်ထမ်းတွေခင်မျသူတို့ပြောတာကြားပြီး စိတ်ဆိုးသွားသည်ထင်ကာ တုပ်တုပ်မျှမလှုပ်ရဲ။
"ဒီလောက်အလုပ်များနေတာကို မင်းတို့ကစကားများနိုင်ကြသေးတယ်ပေါ့!!!!!!"
YOU ARE READING
သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed