🤍5🤍

1.4K 120 6
                                    

🐯Unicode🐯

"အလိုတော် မယ်ထဝင်း အိမ်တွေဘာတွေကပ်လို့ပါလား ငါတို့အိမ်တော့ဒီထက်စီးပွားတိုးဦးမှာပဲ"

အသံကြောင့် ထမင်းစားပွဲပေါ်ပါးအပ်ပြီးမှောက်နေရာမှ Win ခေါင်းထောင်ကြည့်လိုက်တော့ မွေးသမိခင်ကျေးဇူးရှင်...

"ဒီထက်စီးပွားကတိုးချင်သေးလို့လား"

"မတိုးချင်ရအောင် နောက်ကဒိုင်ခံဖြုန်းပေးမယ့် သားအလိမ္မာလေးရှိနေတာကိုး အရင်တစ်ခါကားဘီးအောက်ရောက်သွားတယ်ဆိုလို့ အသစ်ဝယ်ပေးလိုက်ရတဲ့ဖုန်းက ခုအိမ်သာထဲကျသွားပြန်ပြီလား ကိုင်ချင်တော့အိုင်ဖုန်းမှဗွက်ဖုန်းမှနဲ့ "

Win နှာခေါင်းလေးရှုံ့ပြီး ပြန်မှောက်နေလိုက်သည်။မသောက်ရသေးတဲ့ကော်ဖီခွက်ကို ဆောင့်တွန်းလိုက်ကာ မျက်လုံးစုံမှိတ်ထားလိုက်သည်။

"အ့တာဘာဖြစ်ပြန်ပြီလဲ စောစောစီးစီး အရင်ဆိုအမြီးတောင်မမြင်ရတော့တာကို မုန့်ဖိုးကုန်ပြန်ပြီလား"

"မကုန်ပါဘူး"

"ဖွဟဲ့ လွဲပါစေ ချော်ပါစေ အထူးအဆန်းတွေမြင်နေရတာ ငါသေခါနီးလို့များလား"

"မားကလဲဗျာ ဒီတိုင်းကျောင်းပိတ်ရက်လေး အိမ်မှာနားနေတာကို ဘာမှန်းမသိဘူး ပွစိပွစိနဲ့ တရုတ်ပြည်ပဲပြန်သွားနေစမ်းပါ မားယောကျ်ားနောက်လိုက်သွား! !"

Win ထိုင်နေတဲ့ခုံကိုတမင်အသံမြည်အောင် ထရပ်ပြီး အိမ်ပေါ်ထပ်သို့ပြေးတက်လာခဲ့သည်။

"အမလေးဟဲ့ ငါ တရုတ် ကလက်ဆောင်ဝယ်မလားလို့ကောက်နေတာတော့ မဟုတ်ပါဘူးနော်"

"ဟုတ်တယ် သားက China မှာမနေခဲ့ဖူးဘူးဆိုတော့လေ"

လှေကားထိပ်ကနေ အောက်ထပ်ကထမင်းစားခန်းထိကြားအောင် အော်ခဲ့ပြီးမှ ကိုယ့်အခန်းထဲကိုယ်ဝင်လာပြီး မွေ့ယာပေါ်ဝုန်းကနဲမှောက်ချလိုက်သည်။

နောက်မလာနဲ့တော့တဲ့!
မင်းကြောင့် စိတ်ရှုပ်ရလို့ သေတော့မယ်တဲ့!

တမင်သွားရှုပ်နေတာမှမဟုတ်ပဲ....သူ့ဘာသာတိုက်တိုက်ဆိုင်ဆိုင်တွေ ဖြစ်ဖြစ်သွားတာ ဘယ်လိုလုပ်မလဲ...

သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed Où les histoires vivent. Découvrez maintenant