🐯Unicode🐯
ဘေးမှာ လှုပ်စိလှုပ်စိလုပ်နေတဲ့ Win ကြောင့် ခနမှိန်းနေတဲ့ Cho ရဲ့ပြေကာစအမူးက ပြန်ချာလည်လည်လာသည်။
အစတည်းကလေယာဥ်စီးရတာ ကြောက်စိတ်အခံရှိပါတယ်ဆိုမှ ဒင်းကြောင့် အလကားသပ်သပ် အလုပ်တွေကိုရှုပ်လို့။"Win! ငြိမ်ငြိမ်နေစမ်းဟယ် ခေါင်းမူးရတဲ့ကြားထဲ!"
ဘေးကအမသေနေရင်တောင် သိမှာမဟုတ်ဘူး။အ့မှာ မတော်ရသေးတဲ့လင်ကိုတွေ့ဖို့ ဖင်တစ်ကြွကြွသာဖြစ်နေ!
Cho ငေါက်လိုက်တော့မှ ထိုင်ခုံနဲ့ကျောနဲ့ကပ်ပြီး တောင့်တောင့်လေးငြိမ်နေသည်။ရှားရှားပါးပါး ပြန်အထွန့်မတက်တဲ့ Win ကို Cho အံသြသလိုလှည့်ကြည့်လိုက်တော့ လူတော့ငြိမ်နေပါရဲ့ မျက်လုံးက အပြူးသားလေးနဲ့ဟိုကြည့်ဒီကြည့် ပါးစပ်ကပွစိပွစိနဲ့ ဘာတွေရွတ်နေမှန်းမသိနဲ့!
တကယ်ပါ! ကိုယ့်အမေဗိုက်ထဲက ထွက်လာတဲ့ကိုယ့်မောင်အရင်းမို့သာ လူလို့ယုံရတာ..မျောက်နဲ့လောက်နဲ့စပ်ရတဲ့ သတ္တဝါတောင် သူ့လောက်ရွစိထိုးမှာမဟုတ်ဘူး..ပြောရတာလဲမကောင်းပါဘူး!"P'Cho!"
ငြိမ်သက်မှုက တစ်မိနစ်မကျော်ပါဘူး။လက်မောင်းရင်းကို လက်ညှိုးနဲ့တစ်တိတိလာလုပ်တဲ့ Win ကို Cho မျက်လုံးမှိတ်လျက်နဲ့ပဲ အသံပြုလိုက်ရသည်။
"အကိုကြီး ဘာပြောလိုက်သေးလဲဟင်"
"သူစိမ်းအားကိုးနဲ့ ကဆုန်ပေါက်ပုန်ကန်ပြီးမှ အဆင်မပြေလို့ အိမ်ပြန်လာရင်သတ်ပစ်မယ်တဲ့.."
"သားကို စိတ်အကြီးကြီးဆိုးနေတုန်းလား!"
Cho မဖွင့်ချင်ဖွင့်ချင်နဲ့ ပင့်တင်ရင်း သက်ပြင်းရှိုက်လိုက်သည်။လုပ်ချင်ရာလုပ်ထားပြီးရင် မျက်နှာလေးကဇီးရွက်လောက်နဲ့...
"ဒီတိုင်း...စိတ်မကောင်းဖြစ်သွားတယ် ထင်တာပဲ"
ငြိမ်ကျသွားတဲ့ ငဆိုးလေးကတော့ ခုမှစိတ်မကောင်းဖြစ်နေ၏။ပုန်ကန်တုန်းက ဒီရုပ်မဟုတ်ပါဘူး။အခန်းတံခါးဂျက်ချပြီး ထမင်းမစားရေမသောက်နဲ့ကောက်စိန်လုပ်ပြတော့ အလကားသပ်သပ် အိမ်ကလူတွေပဲ စိတ်မချမ်းမသာဖြစ်ရသည်။
VOUS LISEZ
သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed