🤍25🤍

1.2K 95 8
                                    

🐯Unicode🐯

"သုံးနေရာရွေးထားတယ် ဘော့စ်"

Bright ပရိုဂျက်တာပေါ်က ပုံရိပ်တွေကိုလှမ်းကြည့်လိုက်သည်။

"အိုခေ သုံးစုခွဲလိုက် ကျွန်တော်ကတော့ Shopping mall ထဲကပွဲကိုဦးစီးမယ် ကျန်တဲ့နှစ်နေရာကို သက်ဆိုင်ရာပရော့ဂျက်မန်နေဂျာတွေ တာဝန်ယူပါ ရက်ကတော်တော်တောင်ကွာသွားပြီ မနက်ဖြန်ကျရင် အတွင်းရေးမှူးကတော့ ကျွန်တော်နဲ့လိုက်ခဲ့"

အစည်းအဝေးကို အဆုံးသတ်လိုက်ပြီး Bright အနားမှာလူရှင်းတော့မှ အတွင်းရေးမှူးက တိုးတိုးကပ်မေးသည်။

"ဘော့စ် Win ကိုရော"

"ဟင့်အင် သူ့ကိုအသိမပေးနဲ့! သူ့ဘာသာတောင်မအားဘူး..သက်သက်ပင်ပန်းမှာစိုးတယ်"

Bright လက်ပတ်နာရီကို ငုံ့ကြည့်လိုက်သည်။Win ရဲ့ရုပ်ရှင်ပွဲတော်ဆိုလားဘာလား ကျောင်းမှာလက်တွေ့လေ့ကျင့်ရတာဆိုလား အ့တာအတွက် နေ့မအားညမအား ကြိုးကြိုးစားစားဖန်တီးနေကြတာ အဆုံးသတ်ပြီဟု အသံသဲ့သဲ့ကြားရသည်။

အတန်းပြီးရင် ဘယ်မှဆက်သဝေထိုးစရာ မရှိလောက်တော့..ရှိရင်လဲ ရအောင်ဆွဲခေါ်မယ်လို့တွေးပြီး Bright အသိမပေးပဲကျောင်းရှေ့က သွားကြိုစောင့်နေမည်ဟု ကြံရွယ်ကာ ထိုင်ရာမှထလိုက်သည်။

ခုချိန်ထိ မသွားသေးဘဲ Bright အနားမှာပေကပ်ကပ်ရပ်နေတဲ့ အတွင်းရေးမှူးကိုမြင်တော့

"ပြောစရာရှိသေးလို့လား"

"ဘော့စ်! Win ကမလွယ်လောက်ဘူးထင်တယ်"

ကြံဖန်တွေးပူနေတဲ့ အတွင်းရေးမှူးကြောင့် Bright စိတ်နည်းနည်းခုသွားသည်။

"Win ကကျွန်တော့်ချစ်သူပါ သူ့အကြောင်းကျွန်တော့်ထက် ခင်ဗျားပိုမသိနိုင်ပါဘူး ပြီးတော့ခင်ဗျားအလုပ်ရှင်က ကျွန်တော်နော် Win မဟုတ်ဘူး"

ဘုကော ကောပြီးရုံးခန်းထဲက ထွက်သွားတဲ့ဘောစိကို အတွင်းရေးမှူးမလေး မျက်စောင်းထိုးလိုက်သည်။
ကိုယ့်ရည်းစားအကြောင်း ကိုယ်ပိုသိရမှာပေါ့! !
နောက်ပြီး သူ့ရည်းစားအော့ကြောလန်လေးက တစ်ပွမ်ပွမ်နဲ့ကိုယ့်မှာ အာပေါက်မတတ်ရှင်းရတဲ့ဒုက္ခကို သူမှမသိတာ ဟမ့်!!
.
.
.
ဖုန်းအဝင်တီးလုံးသာ ဆုံးသွားသည်။တစ်ဖက်က တုံ့ပြန်လာခြင်းမရှိသောကြောင့် Bright ခေါ်နေတဲ့ဖုန်းကိုချလိုက်ကာ ကားရပ်ခဲ့ပြီး ကျောင်းဝင်းထဲထိ ဖြည်းဖြည်းချင်းလျှောက်ဝင်လာခဲ့သည်။

သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed Donde viven las historias. Descúbrelo ahora