🐯Unicode🐯
အရင်ကဆို တစ်ဖက်လူနားပူအောင် ပါးစပ်အငြိမ်မနေတဲ့ကောင်လေးက ကားပေါ်မှာ တိတ်တဆိတ်လိုက်ပါလာသည်ကိုမြင်ရတော့ Bright မသိမသာပဲ ငြိမ်နေပေးလိုက်ပါသည်။
"အိမ်လိုက်ပို့ပေးတာ ကျေးဇူး"
"Win!"
ဘေးဘီဝဲယာတောင်မကြည့်ပဲ မျက်လွှာချပြီးငြိမ်သက်နေတဲ့ Win က ကားရပ်လိုက်သည်ဆိုတာနဲ့ ကျေးဇူးတင်ကြောင်းခပ်သွက်သွက်ပြောရင်း ဆင်းပြေးဖို့လုပ်တော့သည်။
Bright ရဲ့ဟန့်သံကြောင့် ကားတံခါးဖွင့်ပြီးခြေနှစ်ဖက်ချထားပြီးသားဖြစ်နေတဲ့ Win က မရဲတရဲအကြည့်တစ်ချက်ဝေ့ကြည့်ပြီး ပြန်ငုံ့သွားသည်။ပြောလေ..နားထောင်နေတယ်ဆိုတဲ့သဘောမျိုးနဲ့။
"မီးပွိုင့်မှာပဲရှိသေးတယ်လေ..ဆင်းလို့မရသေးဘူး..တံခါးမြန်မြန်ပြန်ပိတ်..မီးစိမ်းတော့မယ်"
Bright ရဲ့သတိပေးသံကိုကြားတော့ Win မျက်နှာ ဖြန်းကနဲပူထူသွားသည်။
ရှက်လိုက်သည့်ဖြစ်ခြင်း...။Win မသိမသာမျက်လုံးလေးဝေ့ကြည့်တော့ ဘေးမှာရောရှေ့မှာပါ ကားတွေတန်းစီနေတာ..တကယ်မီးပွိုင့်မိနေတာပဲ။
Win ရှက်လွန်းလို့ ကိုယ့်မျက်နှာကိုယ် ဓားနဲ့သာမွှန်းပစ်လိုက်ချင်သည်။ဖိဘိုက်ရှေ့က မြန်မြန်ထွက်ပြေးသွားချင်စိတ်ပဲ ရှိနေသည်မို့ ပတ်ဝန်းကျင်တောင် သတိမထားမိလိုက်တာ။
ဖိဘိုက်ဘက်မျက်နှာပြန်မလှည့်ရဲတာနဲ့ ခြေချထားသည့်အတိုင်းကျောခိုင်းရက်သာ တောင့်တောင့်ကလေး ဖြစ်နေသည်။
နောက်ကားတွေရဲ့ ဟွန်းတီးသံတွေကြောင့် ချထားတဲ့ခြေကလေး ဆတ်ကနဲပြန်ရုတ်ပြီး တံခါးပြန်ပိတ်လိုက်ကာ ကြောင်ကြည့်နေတဲ့ဖိဘိုက်ကို အရှက်ပြေ ဟီးကနဲ ရီပြလိုက်ရသည်။
"ဖိဘိုက်ကို စတာပါ ဟီးးးး"
စတာမဟုတ်ကြောင်းကို နီနေတဲ့နားရွက်ကလေးတစ်ဖက်က သက်သေပြနေပေမယ့် ပိုရှက်သွားမည်စိုး၍ Bright မရယ်မိအောင်ထိန်းထားသော်ငြား တစ်ဖက်ကိုမသိမသာလှည့်ကာ ပြုံးဖြစ်အောင်ပြုံးမိသေးသည်။
STAI LEGGENDO
သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed