🤍7🤍

1.4K 122 8
                                    

🐯Unicode🐯

Hotpot ဝင်စားပြီးအပြန်တည်းက Bright နောက်တစ်ကောက်ကောက်ပါနေတဲ့ ကောင်စုတ်လေးကို ပြောမနိုင်ဆိုမနိုင်လို့ ဒီတိုင်းသွားလေရာသာ ခေါ်လာရတော့သည်။

"ဘာလိုက်ရှုပ်တာလဲ Hotpot ကျွေးပြီးပြီ ပြန်တော့လေ"

"ဖိဘိုက်ပဲ အရောင်းဆိုင်သွားမလို့ဆို သားလဲလိုက်ကြည့်မလို့လေ"

"ဘာလဲ ဒီတစ်ခါ အလကားထပ်မပေးဘူးနော် မင်းအကြံကိုယ်မသိရင်ခက်မယ်"

"ဖိဘိုက်ကလဲ....သူပဲအရင်တစ်ခါကလက်ဆောင်ပေးမယ်ဆိုပြီးတော့.."

ညည်းညည်းတွားတွားနဲ့လိုက်လာတဲ့ ကောင်လေးကြောင့် သူခိုးပြုံးရပါသေးသည်။ဘယ်လိုသူဌေးသားလေးပါလိမ့်....အားနေ..သူများဆီကဂုန်းဆင်းဖို့ပဲ ကြံနေတယ်။

"သူများတွေက အရောင်းပြခန်းကို ကုမ္ပဏီနဲ့တွဲရက်ထားကြတာ ငါတို့ဖိဘိုက်က ဘယ့်နှယ့် center မှာလာထားတာပါလိမ့် "

လူကြီးစတိုင်နဲ့ တွေးတွေးဆဆပြောနေဟန်ကိုက Bright မျက်လုံးထဲမှာ ပိတ်ကန်ပစ်ချင်စရာကောင်းနေတော့သည်။

"ငါ့ဘာသာဘယ်နေရာထားထားပေါ့ သူများလုပ်တိုင်းငါလုပ်ရမှာလား မင်းတော်တော်စပ်စုတယ်! "

"အယ်...ဖိဘိုက်စိတ်ဆိုးနေပြီ"

"မဆိုးပါဘူး"

မဆိုးဘူးသာပြောတာပါ....တကယ်တော့ စိတ်ထဲခုတုတုရယ်ပါ။

"ဆိုးနေပါတယ် ငါတွေမင်းတွေဖြစ်ကုန်ရင် ဖိဘိုက်စိတ်ဆိုးတော့မှာမို့အစပျိုးနေတာ မသိတာကျလို့"

အရောင်းဆိုင်ကနေ ကားဆီပြန်လျှောက်လာတဲ့လမ်းမှာ ပေါက်ပေါက်ဖောက်နေတဲ့ကောင်လေးကို Bright ထူးထူးဆန်းဆန်းစိတ်ရှည်ပေးနေမိပါသည်။

"ကိုယ်ထင်တာ center လိုနေရာမျိုးမှာဆို လူပိုသတိထားမိမလားလို့ ကုမ္ပဏီအောက်ထပ်ကနေရာရှင်းနေတယ် ပြီးရင် ကိုယ့်ရဲ့ desine ပြခန်းလုပ်မယ်တွေးတာပဲ"

"ဟုတ်တော့ဟုတ်ပါတယ် Phi ရဲ့ကုမ္ပဏီက ဟိုးချောင်ထဲမှာကိုး ပြီးတော့ပုရွက်ဆိတ်လောက်ကလေး"

"မင်းဟာလေ သက်သက်သာသာမပြောတတ်ဘူးလား"

"ဟီးဟီး ဖိဘိုက်ကိုမလို့ပြောတာပါ"

သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed Nơi câu chuyện tồn tại. Hãy khám phá bây giờ