🐯Unicode🐯
လေယာဥ်ပေါ်ကဆင်းပါပြီဆိုတည်းက တစ်ရစ်ရစ်နာနေတဲ့ဗိုက်က ဒီနေ့အထိမပျောက်နိုင်။သုံးရက်တောင်ရှိနေပြီ။
ငါနဲ့ဒီတရုတ်မြေနဲ့ မတည့်ဘူးလားမသိဘူး။ဒါမှမဟုတ် ဖိဘိုက်ကျိန်စာတိုက်နေတာပဲနေမှာ..သောက်အဘိုးရီး!!
မတွေးပါဘူးဆို တွေးမိပြန်ပြီ။
ငါ့ကိုတကယ်မေ့ထားနိုင်တယ်ပေါ့။
တစ်ပတ်လား..တစ်လလား...တစ်သက်လုံးကြီးများလား...ကျစ်! တွေးလိုက်ရင် စိတ်ချမ်းသာစရာကိုမရှိဘူး။Win တစ်ဝကြီးထိုင်တွေးလို့ဝတော့မှ သန့်စင်ခန်းကနေ ဗိုက်ကလေးအသာနှိပ်လို့ ပြန်ထွက်လာသည်။
အိပ်ယာပေါ် ပိုးလိုးပက်လက်ပစ်လှဲလိုက်ပြီး ဘေးကဖုန်းလေးကောက်ဖွင့်လိုက်တော့ Miss Call နီနီတွေ...
ဗုဒ္ဓေါ!!! ဖိဘိုက်ခေါ်ထားတာ!
တရုတ် Sim card ကိုလှမ်းခေါ်ထားတာ..ငါတရုတ်ရောက်နေမှန်းသိလို့များလား..ဒါမှမဟုတ် ပြည်တွင်းဖုန်းကိုခေါ်မရလို့ ပြည်ပဖုန်းကို ရမ်းသမ်းမှန်းသမ်းလှမ်းခေါ်တာများလား..တီ...တီ...တီ...တီ...
အမလေး!! လန့်လိုက်တာ!
တစ်လှပ်လှပ်ဖြစ်နေတဲ့ရင်က ရုတ်တရက်ဝင်လာတဲ့ဖုန်းကောလ်ကြောင့် ဆောင့်ခုန်သွားတာ တော်တော်နှင့်မပြေ။
Win ရင်ဘတ်ကိုလက်ကလေးနဲ့ဖိပြီး ဝင်နေတဲ့အဝင်ကောလ်ကို ပြူးကြည့်နေမိသည်။ဘာတွေအရင်လိုနေလို့ အသဲအသန်တွေခေါ်နေရတာတုန်း။
ငါ့ကိုလွမ်းနေလို့လို့တော့ မပြောနဲ့နော်။လေးငါးရက်လောက်နဲ့ လွမ်းနာကျမသေလောက်ဘူး။Win အတွေးများနေစဥ်မှာပဲ ဖုန်းကကျသွားပြီးနောက်တစ်ကောလ်ထပ်ဝင်လာသည်။
မကိုင်မချင်းခေါ်နေမယ့်ဖုန်းကြောင့် ဒီတစ်ခါတော့ Win အလျင်အမြန်ဖုန်းကိုင်လိုက်သည်။📱ပြော!!
📱Win!
ဆက်တိုက်ခေါ်နေတုန်းက မကိုင်လို့စိတ်တွေအရမ်းပူပြီး ပြောစရာတွေရင်ထဲပြည့်သိပ်နေပေမယ့် ရုတ်တရက်ဖုန်းဖြေသံကြားလိုက်ရတော့ Bright ကိုယ်ရောစိတ်ရောတုန်လှုပ်သွားကာ ဘယ်ကစပြောရမှန်းမသိ။
ESTÁS LEYENDO
သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed