🤍27🤍

1.4K 114 11
                                    

🐯Unicode🐯

"ဒီအကျဝတ်ချင်တယ်"

"အ့တာမဝတ်နဲ့! တခြားအကျယူဝတ်"

ဟိုးအဝတ်ဘီဒိုအောက်ဆုံးမှာ ခေါက်ထည့်ထားတဲ့ အကျကိုမှ ဆွဲထုတ်ပြီးဝတ်ချင်ရတယ်လို့..သူမို့လို့ ရှာရှာဖွေဖွေ..

Bright ရေချိုးခေါင်းလျှော်ပြီးကာစ ဆံပင်ကို dryer မှုတ်ရင်း Win ဆွဲထုတ်ပြသည့်အကျကို ဖြတ်ကနဲကြည့်ကာ သာမန်ကာလျှံကာပြောလိုက်ပြီး ကိုယ့်ဆံပင်နဲ့ကိုယ်အလုပ်ရှုပ်နေသည်။

ဘာသံမှမကြားရတော့လို့ နောက်လှည့်ကြည့်တော့ ငချိတ်ပေါင်းရဲ့ ဂြိုဟ်ကြည့်ကြည့်နေတဲ့ မျက်ဝန်းတွေနဲ့တန်းဆုံတော့သည်။

"လန့်လိုက်တာ!! ရေသွားမချိုးသေးဘူးလား"

ကိုင်ထားတဲ့အဝတ်ကို ငုံ့ကြည့်ပြီးပေကပ်ကပ်ဆက်ရပ်နေသေးတာမို့ Bright သဘောပေါက်သွားသည်။

"ဟူးးးးး ဝတ်ချင်သပဆိုဝတ် မင်းနဲ့မတော်လို့ပြောတာ"

စိတ်ရှုပ်ထွေးတဲ့အမူအယာနဲ့ စိတ်ကောက်ခြင်းတစ်ဝက် သံသယတစ်ဝက်နဲ့ Win က Bright ကိုကြည့်လာသည်။

"No နော်..မင်းဘာတွေးနေလဲ သိတယ်..Over Size တွေခေတ်စားတုန်းက ကြိုက်လို့ဝယ်ထားတာ ကြာလှပြီဘွဲ့မရခင်တည်းကဟာ မင်းဝတ်ရင် ပွယောင်းယောင်းကြီးဖြစ်နေမှာစိုးလို့ပြောတာ ဘယ်သူ့ဟာမှမဟုတ်ဘူး ဘယ်သူပေးတာမှလဲမဟုတ်ဘူး ရေချိုးလို့ ရပြီလား ခေါင်းမလျှော်နဲ့"

တသီတတန်းကြီး ရှင်းပြပြီးတော့မှ ကိုယ်တော်လေးက ကျေနပ်သွားသည့်ဟန်နှင့် Bright ဘီရိုထဲခေါင်းပြန်ဝင်ပြီး စိတ်ကြိုက်အကျနဲ့ဘောင်းဘီထပ်ရွေးကာ ရေချိုးခန်းထဲဝင်သွားတော့သည်။

ခက်ရချည်ရဲ့ Bright ရေ...မင်းကတော့ ရှေ့လျှောက် အပြောကောင်းဖို့သာ လေ့ကျင့်ထားပေတော့...။

ရေချိုးခန်းထဲက ရေချိုးပြီးထွက်လာတော့ Win က ဘောင်းဘီဒူးကျအဖြူနဲ့ T shirt over size ကြီးနဲ့ ကို့ရို့ကားယား...
ဒီအကျကို စိတ်မပြတ်နိုင်သောကောလို့ Bright တွေးရင်း ခေါင်းခါယမ်းလိုက်သည်။

ရေချိုးပြီးကာစ မျက်နှာလေးက ရှင်းရှင်းသန့်သန့်ကလေး...မျက်ရည်ဗရပွ ပေပေတူတူးရုပ်ကလေးနဲ့ တခြားစီ။
ငိုထားလို့ မျက်လုံးက နည်းနည်းဖောင်းအစ်နေသည်။မှုန်ကုပ်ကုပ်မျက်နှာပေးနဲ့ဆိုတော့ ပိုပြီးတောင် မျက်လုံးကမို့အစ်နေသလိုပင်။

သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed Where stories live. Discover now