🤍19🤍

1.3K 116 13
                                    

🐯Unicode🐯

📱အေ့ ပြော ငါးကောင်ရီး

📱ဒီညနေ ဝိုင်းတည်ကြမယ်လေ

ကောက်ကာငင်ကာပြောလိုက်တဲ့ Bright ကြောင့် Dean စိတ်ထင့်သွားသည်။လှောင်ရယ်ပြောင်ရယ်လုပ်မယ်ပြင်လိုက်ပြီးမှ Bright ရဲ့မူမမှန်တဲ့အသံကြောင့် ခနတာအသံတိတ်သွားသည်။

📱မင်းမှာအဆင်မပြေတာရှိရင် ငါ့ကိုပြောပြလို့ရတယ် Bright!

📱အဟားဟား ဒီတိုင်းသောက်ချင်လို့ပါကွာ ငါတို့လေးယောက်မဆုံရတာကြာပြီမို့ပါ

ညီဖြစ်သူဆီက တစ်စွန်းတစ်စကြားပြီးသားဖြစ်လို့ Bright ဆီကပြောထွက်လာဖို့ Dean အတင်းဖိအားမပေးတော့ပါဘူး။
မူးလာရင် သူ့အလိုလိုပြောထွက်လာမှာပေါ့လေ။
တွေ့နေကျနေရာဖြစ်တဲ့ Dean တို့ဆိုင်မှာပဲဝိုင်းဖို့သဘောတူလိုက်သည်။

ညနေနေရီတရောအချိန်မှ Bright ကရောက်လာသည်။အလုပ်ဆင်းပြီး ရေမိုးဘာညာချိုးပြီးမှ လွတ်လွတ်ကျွတ်ကျွတ် အရက်လာသောက်ခြင်းကိုက စိတ်ကြိုက်သောက်မည့်ပုံပင်။

ရိုးရိုး Shirt နဲ့ချည်ဘောင်းဘီဒူးကျဝတ်လာတဲ့ Bright ကိုမြင်ရတော့ ပုံမှန်မြင်နေကျလုပ်ငန်းရှင်ရုပ်နဲ့ တခြားစီ။

ပေါ့ပေါ့ပါးပါးဆိုင်ထဲ ဝင်ချလာတဲ့ Bright က တည်တည်ကြည်ကြည် ပြုံးပြနေသည်။ဒါပေမယ့် စိတ်မလန်းတော့ကိုယ်ပါနွမ်းဆိုသလို သိပ်တော့အားမပါလှပဲ ဖျော့တော့တော့အပြုံးမျိုးဖြစ်နေသည်။

"God ရောက်တာကြာပြီလား"

"နာရီဝက်လောက် ရှိနေပြီကိုယ်တော်ရဲ့ အမယ် ဒီနေ့တော့ အရက်ဝိုင်းကို ရုံးတက်ဝတ်စုံနဲ့မလာတော့ပါလား"

God ရဲ့လက်မနှစ်ဖက်ထောင်ပြီး ပြောနေတဲ့ပုံကြောင့် Bright သဘောတကျရယ်လိုက်ရင်း တစ်ယောက်ထိုင်ဆိုဖာနောက်မှီလန်လန်လေးမှာ ခပ်လျှောလျှောဝင်ထိုင်လိုက်သည်။

"လူစုံရင် ဝိုင်းတော့မယ်ကွာ"

"နေဦးလေ ဟိုဘောလုံးကောင် မလာသေးပါလား"

"စောင့်မနေနဲ့တော့ လာမှာမဟုတ်ဘူး"

Bright က No ကိုခုချိန်ထိမမြင်သေး၍ မေးလိုက်တော့ Dean ကပုလင်းတစ်လုံးဆွဲလာကာ ဝိုင်းဘက်ကိုလျှောက်လာသည်။

သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed Hikayelerin yaşadığı yer. Şimdi keşfedin