🐯Unicode🐯
"ဟာ....ဟုတ်သားပဲ..သဘက်ခါကျရင် P'Bright တို့ Brand fashion show ပွဲရှိတယ်ဆို..P'Dean ဆီက ပွဲဖိတ်စာတွေ့လိုက်တယ်..ဘယ်လိုလုပ်မလဲ!"
ကားမောင်းနေရင်း Mark က ထိတ်လန့်တကြားနဲ့ နောက်ခန်းက Bright ကိုလှည့်ကြည့်ပြောတော့ ယုန်ဖြူလုံးလေးကလဲ မျက်လုံးအဝိုင်းသားလေးနဲ့ မဝံ့မရဲလေးလှည့်ကြည့်ရှာသည်။
"ကားကိုသာတည့်တည့်ကြည့်မောင်းစမ်းပါကွာ.."
Bright ရှေ့ကိုလက်ညှိုးညွှန်ပြရင်း ခပ်လေးလေးပြန်ဖြေလိုက်သည်။
ပူလောင်နေတဲ့စိတ်တွေကို အတတ်နိုင်ဆုံးလျှော့ချလို၍ အသက်ပြင်းပြင်းရှူနေရတာ မောတောင်လာပြီ။
ငါ.....အချိန်မရွေးသေသွားနိုင်တယ်လေ...ပြုခဲ့သမျှကောင်းမှုအစုစုကိုသာ အာရုံပြုရင်း....
*ကျွီ........အုန်း!*
"sorry! sorry! P'Bright အဆင်ပြေလား..ဘရိတ်မေ့ပြီးအုပ်လိုက်မိတာ!"
ငါးကောင်ရေ...မင်းမလို့စိတ်ချလက်ချ ငါ့ကို မင်းညီတွေနဲ့ ထည့်ပေးလိုက်ရလား...ချီးပဲ!
ဆိုင်မှာလူမရှိမှာစိုးလို့ ကျန်ခဲ့တဲ့ Dean ကို Bright နင်းကန်မေတ္တာပို့နေမိသည်။
"Mark! မင်းပဲခုန Fashion show ပွဲအကြောင်းပြောပြီး ငါ့ကို ဆေးခန်းနောက်တစ်ခေါက် ထပ်မပို့ပါနဲ့ကွာ.."
"P'Bright ကလဲ..ကျွန်တော်ကျွမ်းနေပါပြီဗျ"
ဘာကျွမ်းတာလဲ...ရောဂါလား..
"အေး..အေး..ယုံပါတယ်ကွာ.."
"အော်...ဟုတ်သား...ပွဲကိုဘယ်လိုလုပ်မှာလဲ..ဒဏ်ရာကြီးနဲ့ ဆိုဒ်ပဲ့ပြီ..Phi ကတော့ဂွမ်းတာပဲ"
ဒီငနဲလေးတွေကလေ....လူတင်သောက်ချိုးမပြေတာမဟုတ်ဘူး..အသံကြားရင်ကို သွေးအန်ချင်စိတ်ပေါက်တာ....
ခုလဲ သူတို့ဘာသာ Bright အခြေအနေကို မြင်ယောင်ပုံဖော်ပြီး တစ်ခွီးခွီးလုပ်နေလေရဲ့။
"ဘယ်တတ်နိုင်မလဲ..တောက်တိုမယ်ရခိုင်းချင်ရင် ဝန်ထမ်းတွေပဲဒုက္ခပေးရမှာပေါ့လေ"
"Win ကိုခေါ်ခိုင်းလေ Phi..သူ့ကြောင့်ဖြစ်တာကို"
"ဘာဆိုင်လဲ! သူ့ဘာသာအတင်းလိုက်လာလို့ဖြစ်တာပဲ သူ့ဝန်ထမ်းသူခိုင်းပေါ့"
ŞİMDİ OKUDUĞUN
သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed