🤍8🤍

1.3K 124 5
                                    

🐯Unicode🐯

"Win ပြန်လာပြီလား ဒီမှာ ပါး ပြန်ရောက်နေတယ်"

မမြင်ချင်ယောင်ဆောင်ပြီး အပေါ်တက်တော့မယ့် Win တစ်ယောက်..မားရဲ့ခေါ်သံကြောင့် စိတ်မပါလက်မပါပြန်လှည့်လာသည်။

"အ့တာ သားနဲ့ဘာဆိုင်လို့လဲ"

"ဟဲ့!"

မားရဲ့လှမ်းဟန့်သံကြောင့် P'Cho ကထိုင်ရာမှထလာပြီး အချိုးပြေပြေမတ်တပ်ရပ်နေတဲ့ Win ကိုတွန်းကာထိုးကာ သတိပေးရသည်။

"နည်းနည်းပါးပါး နှုတ်ဆက်ဦးလေ Win ရဲ့"

Win စိတ်လေဟန်နှင့်သက်ပြင်းချကာ Win ကိုတစ်ချိန်လုံးပြုံးပြီးကြည့်နေတဲ့ ဘိုးတော်ကို မျက်ဆပစ်ပြီးနှုတ်ဆက်လိုက်သည်။

"မသေသေးဘူးမလား"

"ဟဲ့! Win! ! ! "

အမြဲတစေပြုံးနေတတ်တဲ့ဘိုးတော်ရဲ့မျက်နှာက အနည်းငယ်သာပျက်ယွင်းသွားပေမယ့် မဆီမဆိုင်မားနဲ့ Phi ရဲ့မျက်နှာက မိုးကြိုးဆယ်လုံးပစ်ချလိုက်သလို မဲပုပ်သွားသည်။

"Metawin! ! မင်းတော်တော်ဆိုးနေပါလား ကိုယ့်ပါးကို ဘယ်လိုပြောလိုက်တာလဲ !"

ဒေါသူပုန်ထနေတဲ့ မားကို မထီလေးစားမျက်နှာပေးလေးနဲ့ပြန်ကြည့်ရင်း..

"ဘယ်သူ့ရဲ့ ပါး လဲ သားတို့ရဲ့ Paw ကသေသွားပြီလေ"

"ပြောလေဆိုးလေပါလား Win ရယ်"

အ့တာပဲ..Phi ကစိတ်ပျက်လက်ပျက်လေး ညည်းတွားမယ်။မားက တစ်ဝုန်းဝုန်းနဲ့လာရိုက်မယ်။အ့ဒီ့အခါကျရင် ပါးက မရိုက်ဖို့လာဆွဲမယ်။ Win ကိုအခန်းထဲပြန်ဖို့ပြောမယ်။ဒီလိုနဲ့ Win အိပ်ခန်းထဲ Win ပြန်ရောက်လာမယ်။

ခနကြာရင် ပါးက လိုက်လာမယ်။ Win တို့ကုတင်ပေါ်မှာ ထိုင်ပြီးစကားချင်းစစ်ထိုးကြမယ်။ဖြစ်နေကြတွေဆိုပေမယ့် ရိုးလဲမရိုးနိုင် ဖြေလဲမဖြေရှင်းနိုင်သေးတာ အခုချိန်ထိပဲ။

"ပါးကို ခုထိစိတ်ဆိုးနေတုန်းလား သားရယ်"

"စိတ်မဆိုးပါဘူး စိတ်ပျက်တာ ဘယ်သစ္စာရှိတဲ့ညီကမှ ကိုယ့်အကိုရဲ့မိန်းမကိုပြန်မယူဘူး"

သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed Où les histoires vivent. Découvrez maintenant