🤍31🤍

1.2K 99 4
                                    

🐯Unicode🐯

ရုံးခန်းထဲ လူဝင်လာတာမို့ စပီကာဖွင့်ပြောနေတဲ့ဖုန်းကို စပီကာပိတ်ပြီးနားမှာကပ်လိုက်သည်။

📱အင်း

တစ်ဖက်က မရပ်မနားပြောနေတဲ့ Win ရဲ့စကားတွေကို ဟုတ်သော်ရှိ မဟုတ်သော်ရှိ အင်းလိုက်နေလျက် ကော်ဖီလာချပေးတဲ့ဝန်ထမ်းထွက်သွားတော့မှ ဖုန်းကိုစပီကာပြန်ဖွင့်ပြီး အလုပ်တစ်ဖက်နှင့် Win ပြောသမျှကို နားထောင်ရသည်။

မဟုတ်လျှင် ရုံးကိုခုမှရောက်ကာစရှိသေးတယ် အလုပ်ချိန်တွင်းမှာ ကိုယ်ကအစပြုပြီး ရည်းစားနဲ့ဖုန်းပြောနေတယ်ဆိုရင် ကျော်မကောင်းကြားမကောင်း မရှိမဲ့ရှိမဲ့သိက္ခာလေးက ရေစုန်မျှောဦးမည်။

ပြုံးဖြီးဖြီးမျက်နှာပေးနဲ့ ဖုန်းပြောနေရင် Boss ကသူ့ချစ်သူနဲ့ဖုန်းပြောနေမှန်း တစ်ရုံးလုံးသိနေတာတော့ ဟန်လုပ်နေတဲ့ Bright တစ်ယောက်ကဖြင့်  မသိ.....ခက်သည်။ခက်သည်။ငါတို့ Boss ကတော့ တော်တော့်ကိုခက်ပါသည်။

📱ချက်ချင်းတော့ထွက်မလာခိုင်းနဲ့လေ Win ရယ် အ့လောက်ထိတော့ဂျစ်မတိုက်နဲ့ကွာ..အလုပ်ချိန်ကြီးမှာ ကိုယ်ရေးကိုယ်တာကိစ္စတွေက တစ်ခါတလေလုပ်တာပဲကောင်းတာပေါ့

📱.......

တစ်ဖက်က ဘာစကားပြန်မှမရတာကြောင့် Bright အသက်မျှင်းမျှင်းလေး ဆွဲရှိုက်လိုက်သည်။

📱စိတ်မကောင်းဖြစ်အောင် မလုပ်နဲ့ကွာ

📱ပြီးတာပဲ ငဘိုက်ကောင်ကြီးရဲ့မျက်နှာတော့ မမှတ်မိတော့ဘူး ဖုန်းချပြီ

📱နေဦး နေဦး ရုံးဆင်းရင်တွေ့မယ်လေ

📱မတွေ့ဘူး!

📱ဟာ! စိတ်ကောက်တာလား!

ဖုန်းတစ်ဖက်က Win ရဲ့မလိုတမာနှုတ်ခမ်းလေး စူနေမှာ Bright အလိုလိုခံစားမိနေသည်။

📱ကျစ်! ဖိဘိုက်ကငတုံး!

လာလာချည်သေး...လူကိုပြောလိုက်တာများ တနင့်တပိုး ငနာလေး!

📱ဒီလောက်သတင်းတွေ ပလူပျံနေတာကို ကျွန်တော်ကဘယ်လိုအပြင်ထွက်မှာလဲ

📱ဟောဗျာ..ဒါဆိုလဲကိုယ်ဝင်လာမှာပေါ့ အိမ်ထဲကို

📱ရူးနေလား! ညနေဆိုအိမ်မှာ အကုန်လူစုံနေပြီဟာကို! ပါးပါးတောင်ပြန်ရောက်နေပြီ Win စာမေးပွဲဖြေတဲ့အချိန် အနားမှာနေချင်လို့တဲ့! ကျွန်တော်တော့မထင်ပါဘူး သတင်းတွေကြောင့်ပဲနေမှာ

သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed Where stories live. Discover now