🐯Unicode🐯
ကိုယ့်ကောင်လေးမိသားစုထမင်းဝိုင်းမှာ ကိုယ်ပါဝင်ထိုင်နေရတာ Brightအဖို့ ကြောင်တက်တက်တော့နိုင်လှသည်။
ဟိုဇွန်းကိုင်ရတော့မလို ဒီဇွန်းကိုင်ရတော့မလိုနဲ့ တကယ့်တကယ်ကျတော့ ချွေးစေးပြန်နေတဲ့လက်နှစ်ဖက်က ထမင်းစားပွဲအောက်က ကိုယ့်ပေါင်နှစ်ဖက်ကိုသာ အထပ်ထပ်အခါခါပွတ်မိနေခြင်းရယ်ပါ။
Win စာမေးပွဲဖြေပြီးလို့ လုပ်ပေးတဲ့ မိသားစုထမင်းဝိုင်းအသေးစားလေးမှာ ကောက်ကာငင်ကာ ကိုယ့်ကိုပါဖိတ်ခိုင်းလိုက်တယ်ဆိုတည်းက တစ်ဒိန်းဒိန်းခုန်နေတဲ့ရင်က တကယ်လက်တွေ့ Win မိသားစုနဲ့မျက်နှာချင်းဆိုင်ထိုင်နေရသည့်အချိန်ထိ တစ်လှပ်လှပ်ဖြစ်နေတုန်း။
ချွင်....ချွင်.....ချွင်...
Bright ကိုယ် ဆတ်ကနဲဖြစ်သွားပြီး ဘေးကနေ ဇွန်းခရင်းကိုတစ်ချွင်ချွင်လုပ်နေတဲ့ Win ကိုပါ အသံတိတ်ကြိတ်ဆဲလိုက်မိသည်။ဘယ်နှယ့်ဟာပါလိမ့်...သူ့အားကိုးလာပါတယ်ဆိုမှ...တစ်စက်မှအရိပ်အကဲသိသိနဲ့ အနေမခက်အောင် လုပ်မပေးတတ်ဘူး။
"လက်ကငြိမ်ငြိမ်နေစမ်း မယ်ထဝင်း! ထမင်းဝိုင်းမှာ အ့လိုမတီးရမခတ်ရဘူး မသိဘူးလား!!!"
စရောက်တည်းက Bright ကိုသိသိသာသာဖယ်ကျဥ်နေတဲ့ Win ရဲ့မားက Win ကိုခပ်ဆတ်ဆတ်ဟောက်လိုက်တော့ မဆီမဆိုင် Bright ကပိုပြီးအနေကျုံ့သွားရသည်။
"အဟင်းဟင်း..အ့ကလေးက အ့လိုပဲ သားရေ..ဧည့်သည်ဖိတ်ထားပြီး ဆူနေရပြီ အားနာစရာကွယ်"
"ရ..ရပါတယ် အန်ကယ်လ်"
Win ရဲ့ပါးက အနေမခက်စေဖို့ စတင်လိုက်တဲ့စကားဝိုင်းကို Bright သံယောင်လိုက်လိုက်သည်။ Win ကတော့ ဟင်းပွဲတွေလာချပေးနေတဲ့Hotelက ငှားထားသော chelf တွေကို လိုက်ကြည့်ပြီး မခိုးမခန့်အမူအယာလုပ်နေလေရဲ့..တကယ့်ပေစောင်းစောင်းဂျစ်တူးလေး။
"ငါ့တူအကြောင်းတွေ သားငယ်လေးဆီက ကြားပါတယ် ပြီးတော့ ငါ့တူရဲ့ fashion show ပွဲကို အန်ကယ်လ်ကြည့်လိုက်ရတယ် အရမ်းသဘောကျတယ်ကွာ!"
Win ရဲ့ငါလဲတစ်ခါမှမပြောမိပါလား ဆိုတဲ့အဓိပ္ပါယ်နဲ့ မျက်လုံးပြူးပြူးကြီးကို Bright မသိချင်ယောင်ဆောင်ပြီး လိုက်လိုက်လျောလျောပြန်ပြောမိသည်။
BẠN ĐANG ĐỌC
သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed