🤍20🤍

1.4K 126 33
                                    

🐯Unicode🐯

"Coffee သောက်မလားဘော့စ်"

"သံပုရာရည် ပဲဖျော်ပေးတော့"

ခေါင်းတစ်ခြမ်းက တစ်ဆစ်ဆစ်ထိုးကိုက်နေတာကြောင့် အရေးတကြီးတွေ့ဆုံမှုများမှအပ ကျန်ဇယားတွေ အကုန်ဖျက်လိုက်ရသည်။

"ဘော့စ် နေမကောင်းရင်ပြန်နားလိုက်ပါလား ကျွန်မထိန်းထားနိုင်ပါတယ်"

Bright ရဲ့မျက်နှာရိပ်မျက်နှာကဲကို အမြဲအကဲဖမ်းနေတတ်တဲ့ အတွင်းရေးမှူးက တီးတိုးဆိုသည်။

"ဟင့်အင် မနားချင်လို့ ဒါမယ့် မဖြစ်မနေမလိုအပ်ရင် လာမပြောနဲ့ အတတ်နိုင်ဆုံး ကြည့်လုပ်လိုက်"

တစ်မနက်ခင်းလုံး အားတင်းပြီး အကောင်းဆုံး run နေပေမယ့် ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲသလိုဖြစ်နေသည်။
နေ့လည်စာစားချိန်ရောက်တဲ့အချိန်မှာတော့ အတွင်းရေးမှူးစီစဥ်ပေးတဲ့ နေ့လည်စာနဲ့ဆေးကို သောက်ပြီးတာနဲ့ အလုပ်စားပွဲပေါ်ခေါင်းတင်ပြီး မှေးကနဲအိပ်ပျော်သွားသည်။

ပင်ပန်းတဲ့အရှိန်နဲ့ရော ဆေးရှိန်နဲ့ရော နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာ အချိန်ဘယ်လောက်တောင်ကြာသွားခဲ့သည်မသိ။

ဖျတ်ကနဲ မျက်လုံးဖွင့်ကြည့်မိတော့ တစ်ဂျောက်ဂျောက်ရွေ့နေတဲ့ စားပွဲတင်နာရီလက်တံလေးက Bright ကိုပြောင်ပြနေသလိုပင်။

ဟင်!ရုံးဆင်းချိန်တောင် ရောက်တော့မှာပဲ!

Bright ဆတ်ကနဲလူးလဲထလိုက်ကာ ဖုန်းနာရီကိုသေချာအောင်ပြန်ကြည့်လိုက်ပြီး ဖိအိပ်ထားလို့တွန့်ကြေနေတဲ့အဝတ်အစားတွေကို ပြန်ပြင်ဝတ်လိုက်စဥ် ရင်းနှီးတဲ့ရယ်သံလေးကြားလိုက်ရခြင်းကြောင့် Bright ဆတ်ကနဲ့တုန်သွားသည်။

လက်တွေ့ဟုတ်ရဲ့လား..
ငါခုထိ အိမ်မက်မက်ပြီး ကယောင်ကတန်းဖြစ်နေတုန်းလား..

တစ်စက္ကန့်အတွင်းမှာပင် လှိုက်ခနဲခုန်သွားတဲ့နှလုံးသားက စက္ကန့်မခြား ချက်ချင်းညှိုးငယ်သွားသည်။

Bright ရဲ့မသိစိတ်ကရောအသိစိတ်ကပါ စေ့ဆော်မှုကြောင့် နားအလိုလိုစွင့်မိသည်။ဟုတ်တယ်...အိပ်မက်မဟုတ်ဘူး။သူ့အသံမှ သူ့အသံအစစ်။

သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed Où les histoires vivent. Découvrez maintenant