Explanation & Introduction

246 9 4
                                    

Unicode Version

Hello Everyone,
PurpleNwayWနဲ့နောက်တစ်ကြိမ်ပြန်ဆုံကြပြန်ပြီနော်။ဒီကာလကြီးမှာကိုယ်အသစ်မတင်သင့်ပေမယ့်အရမ်းကြီးတင်ချင်နေမိတဲ့စိတ်​လေးကြောင့်ရော၊ခဏRelaxလုပ်တဲ့အနေနဲ့Youတို့ဖတ်လို့ရအောင်အတွက်ဒါလေးကို
publishလုပ်လိုက်ပါတယ်။ဒါလေးကြောင့်စိတ်အနှောင့်အယှက်ဖြစ်သွားရင်ကိုယ်ကိုခွင့်လွှတ်ပါနော်။

ဒီဇာတ်လမ်းလေးကမနှစ်ကတည်းကကိုယ်ရေးဖို့တွေးနေခဲ့တဲ့၊ရေးရင်းတစ်ဝက်
တစ်ပျက်နဲ့ဆက်မရေးဖြစ်ပဲကျန်နေတဲ့ဇာတ်လမ်းလေးပါ။Titleကိုတော့စရေးကတည်းကမစဥ်းစားဖြစ်ပေမယ့်
Publishလုပ်ချင်စိတ်နဲ့အတူTitleလေးကိုစဥ်းစားမိသွားတာပါ။ဒါပေမယ့်ဒီTitleလေးက Temporary Title(ယာယီခေါင်းစဥ်)လေးပါ။

အဆင်ပြေမယ်ဆိုရင်တော့ကိုယ်ရဲ့
"Me,You,The_Ghost&Her"ဆိုတဲ့ဇာတ်လမ်းလေးကိုဖတ်ပေးကြပါလို့တောင်းဆိုရင်းExplanationလေးကိုကိုယ်ဒီမှာတင်ရပ်လိုက်ပါတယ်။

~~~~~~

Introduction

{ပြတ်တောက်သွားတဲ့ရေစက်တွေကတစ်ဖန်ပြန်လည်ဆုံစည်းနိုင်သလား။}

ရွက်ကြွေဝေဆိုသောလုပ်ဖော်ကိုင်ဖက်ကောင်မလေးဘေးမှာရှိနေတဲ့သရဲတစ်ကောင်ကိုနေ့တေးဆိုကူညီပေးရာကအဆက်အသွယ်မရှိခဲ့သည့်တစ်ဖက်သတ်ချစ်ရသောအချစ်ဦးနဲ့ပြန်လည်ဆုံစည်းဖို့ဖြစ်လာလေတော့...။

Characters' Dialogues

"အချိန်အတော်ကြာသွားပေမယ့်ဘာလို့ဒီအချစ်ကမဟောင်းနွမ်းသေးတာလဲ။မချစ်သင့်မှန်းသိနေရက်နဲ့အဲဒီလူကိုမြင်ရင်အရင်ကလိုရင်ခုန်သံတွေလတ်ဆတ်နေတုန်း။"
(နေ့တေးဆို)

"အခုမှတစ်ရေးနိုးပြီးမင်းကိုချစ်ကြောင်းပြောနေတယ်လို့မထင်စေချင်ဘူး။ဘာလို့ဆိုငါကဟိုအရင်ကတည်းကမင်းကိုချစ်မိပြီးသားမို့ပါ Day။"
(ညို့စက်ဝန်း)

"နင်ကငါကိုပေးဖို့ကျန်နေတာရှိတယ်။နင်ဆီကအဲဒါကိုတောင်းဖို့ငါဒီကိုလာတာ။"
(ညို့စက်ကွင်း)

"ငါကနင်ကိုဘာပေးရမှာလဲ။ငါနင်ကိုဘာပေးစရာကျန်လို့လဲ။နင်နဲ့ငါကြားမှာဘာမှအပေးအယူကိစ္စမကျန်ဘူးမလား။"
(ရွက်ကြွေဝေ)

Me, You, The Ghost & HerWhere stories live. Discover now