Unicode Version
အခန်း - ၄၄
ဖြည်းဖြည်းချင်းထွက်ပေါ်လာသည်များ
"အာ့ ကျစ် အဆင်တွေလည်းမပြေဘူး။"
ဒေါ်နှင်းပွင့်ဖြူ,အောက်ဆင်းရန်လှေကားဘက်သို့အသွားတွင်ကြားလိုက်ရသည့်အသံကြောင့်အသံလာရာဖြစ်သည့်ဦးစိုးမိုးထိုက်၏အခန်းကိုသွားကြည့်လိုက်တော့ပိတ်ထားသောတံခါးကြောင့်တံခါးသွားခေါက်ကြည့်လိုက်သည်။
"ဒေါက် ဒေါက် ဒေါက်"
ဒေါ်နှင်းပွင့်ဖြူ၏တံခါးခေါက်သံအဆုံးတွင်ပွင့်လာသောတံခါးနဲ့အတူကိုယ်တစ်ပိုင်းဗလာကျင်းနေသည့်စိုးမိုးထိုက်ကိုတွေ့လိုက်ရသည်။
"မရီး ဘာကိစ္စရှိလို့လဲ။"
"အသံကြားလိုက်လို့အဆင်ပြေရဲ့လား ကြည့်ကြည့်တာ။"
"ကျွန်တော်အဆင်ပြေပါတယ်။ ဘာမှမဖြစ်...."
အံ့သြသည့်ပုံစံနဲ့မေးလာသောစိုးမိုးထိုက်စကားကိုဒေါ်နှင်းပွင့်ဖြူဖြေလိုက်စဥ်ဒေါ်နှင်းပွင့်ဖြူ၏နှာခေါင်းထဲဝင်လာသည့်ဆေးနံ့ကြောင့်စိုးမိုးထိုက်၏စကားကိုဖြတ်ပြောလိုက်သည်။
"ဆေးနံ့ရတယ်။ ဆေးလိမ်းနေတာလား။"
"မဟုတ်...."
"ဟင် နောက်ကျောကဘာဖြစ်ထားတာလဲ။"
စိုးမိုးထိုက်မဟုတ်ကြောင်းပြောမည့်စကားကိုစိုးမိုးထိုက်နောက်ကျောကဒဏ်ရာကိုလှမ်းမြင်လိုက်သည့်ဒေါ်နှင်းပွင့်ဖြူကစိုးမိုးထိုက်၏နောက်ကျောကိုအမြန်ပင်သူ့ဘက်သို့လှည့်ကာဒဏ်ရာကိုကြည့်ရင်းပြောလာသဖြင့်
"မရီးကလည်းတိုးတိုးပြောပါ။"
စိုးမိုးထိုက်အမြန်ပြန်လှည့်ပြီးပြောလိုက်တော့
"ကျယ်ကျယ်မပြောစေချင်ရင် ဘယ်လိုဖြစ်လာတာလဲပြောပြလေ။"
"ကျွန်တော်ပြောပြပါ့မယ်။ အဲဒါကြောင့်ကျွန်တော်တို့လသာဆောင်မှာသွားပြောရအောင်ပါ။"
"နေအုံး။ မင်း ဒဏ်ရာကိုထည့်မယ့်ဆေးဗူးကိုပါတစ်ခါတည်းသွားယူလာခဲ့။ လူချည်းပဲလာလို့ကတော့မင်းအစ်ကိုသွားပြောပစ်မှာ။"
