22

1K 88 0
                                    

အရှေ့ကစာသင်နေသည်ကို အာရုံမရဘဲ စာအုပ်ပေါ်မှာ ဟိုခြစ်ဒီခြစ်နဲ့ ပုံတွေလျှောက်ဆွဲနေသည့် ဘေးက
ယုန်ပေါက်က ဒီနေ့ အဆင်ပြေဟန်မတူ။မနေ့ကရာသီဥတုနှင့် တခြားစီဖြစ်နေတဲ့ ယုန်ပေါက်ကြောင့် သူလည်းနေရတာ အဆင်မပြေတော့။ မင်းအမြဲတမ်းပျော်နေအောင် ငါဘယ်လိုလုပ်ပေးရမလဲ ယုန်ပေါက်ရယ်။

အတန်းဆင်းသွားလို့ အခန်းရှိလူအကုန်ထွက်သွားသည့်
တ်ိုင် ထိုင်နေသေးသည့်ယုန်ပေါက်ကြောင့် သူလည်းမထဖြစ်သေး။ ယုန်ပေါက်က တစ်ခုခုဖြစ်လို့ စိတ်ညစ်နေလျှင် တစ်ယောက်တည်းငြိမ်ငြိမ်လေးထိုင်ကာ စဉ်းစားနေ
တတ်ကြောင်း သူသိနေပြီဖြစ်သည်။အဲ့လိုအချိန်တိုင်းလည်း သူ့မှာအခွင့်ရရင်ရသလို ဘေးမှာတိတ်တ်ိတ်လေး
လိုက်ထိုင်ပေးလိုက်သည်။ တစ်ခါတစ်လေတော့ သူ့က်ို ဖွင့်ဟပြောလာတတ်ပေမဲ့ တော်တော်တော့ရှားသည်။ကိစ္စမရှိ၊ ပြောလာခဲ့ရင်လည်း သူ့ကမ္ဘာငယ်အကြောင်း ရင်နာနာနဲ့ နားထောင်ပေးလိုက်မည်။ မပြောလာခဲ့ရင်လည်း ခုလိုပဲ တိတ်တိတ်လေး အဖော်ပြုပေးလိုက်မည်။တွေးနေတုန်း အသံထွက်လာသည့် ယုန်ပေါက်။

" Mingyu ya , မင်းမှာ သဘောကျတဲ့သူရှိလာခဲ့ရင် ဖွင့်ပြောမှာလား"

ဟက် ဖွင့်ပြောမှာလားတဲ့ မေးတတ်လိုက်တာ ဒီလောက်ငါ့ရှေ့မှာ တခြားတစ်ယောက်ကို အလုံးစုံပုံအပ်ပြီး ချစ်ပြနေတဲ့မင်းကို ငါကဘယ်လိုများ ဖွင့်ပြောရမှာတဲ့လဲ။

" မင်းကတော့ ပြောမှာပေါ့နော် "
ငြိမ်နေလို့ထင်၊ ခေါင်းလေးစောင်းကြည့်ကာ ထပ်ပြောလာသည်။

"ဘာလို့လဲ မင်း hyungကို ဖွင့်ပြောတော့မလို့လား"
" အဟင်း ပြောချင်တာကတော့ စချစ်မိမှန်း သိတဲ့ရက်ကတည်းက ဒီနေ့အထိ မပြောချင်တဲ့ရက် တစ်
ရက်မှ မရှိခဲ့ဘူး။ မနည်းရောင့်ရဲနိုင်အောင်ပဲ
ကိုယ့်ကိုယ်ကို ထိန်းချုပ်ထားခဲ့တာ"
"ခုရက်ပိုင်းတော့ ငါလောဘတွေကြီးလာ
တယ်ထင်တယ်။အရဲစွန့်ကြည့်ချင်လာတယ်။အများကြီးလည်း စဉ်းစားဖြစ်တယ်။ဖွင့်ပြောလိုက်ရင်ရော ဘာတွေများဖြစ်လာနိုင်မလဲလို့"
ကိုယ်ကတော့ မရရအောင် ရောက်တဲ့နေရာမှ ရပ်နေနိုင်ဖို့ကြိုးစားနေချိန် မင်းကတော့ ရှေ့ဆက်တိုးဖို့တွေစဉ်းစားလို့။ မင်းဖြစ်နေလို့သာ တရားပါတယ်။

Love is hyungWhere stories live. Discover now