28

1K 104 4
                                    

ချစ်သူဖြစ်ပြီးကာစ နှစ်လလုံးကတော့ Park Jiminတို့ တစ်ကျောင်းလုံးပတ်ပြီး ကဲသဲနေခဲ့ပြီးမှ စာမေးပွဲနီးလာလို့ စာကြည့်ရသည့်အခါကျ တအီအီဖြစ်လာတော့သည်။
" yarrr ငါမရတော့ဘူး ဒါတွေကို ဘယ်လိုလုပ် အကုန်ကြည့်နိုင်မှာလဲ မရဘူး ငါမနိုင်တော့ဘူး "
" တိတ်တိတ်လေးနေပြီး ကြည့်စမ်းပါ jiminရာ၊ မင်းအရင်နှစ်နှစ်ကလည်း ဒီလိုပဲ ပြောပြီး အောင်လာခဲ့တာပဲကို "
         "ခုမရတော့လို့ပေါ့ kookie ကလည်း ဘယ်တော့မှပြန်လာမှာလဲ မသိဘူး ကြာလှပြီကို စာသွားကူးတာ အဲ့လောက်ကြာစရာလား ဖုန်းဆက်ခေါ်ရမယ် "
" ဒီတိုင်းနေစမ်းပါ jiminရယ် ဟိုကလေးက မင်းကြောင့်မဟုတ်ရင် ဒီလိုသွားကူးစရာတောင်မလိုဘူး မင်းပဲ အတန်းလစ်ခိုင်းနေပြီးတော့ တခြားသူလည်းမဟုတ်ဘူး Mingyuဆီပဲကို "
Taehyungပြောတာလည်း မှန်နေသည်မို့ ကိုယ့်အမှား
နှင့်ကိုယ် ငြိမ်နေရသည်။သူပဲအတန်းလစ်ခိုင်းခဲ့တာမလား။ဟိုကလေးက ဆိုးသည်ကောင်းသည် တစ်ခွန်းမှဟခဲ့တာမဟုတ်။ Mingyuဆီကိုမို့တော့ မြန်မြန်ပြန်လာစေ
ချင်သည်။အဲ့ကောင်လေးကိုက သိပ်ဘဝင်မကျဘူး။
တွေးနေတုန်းမှာပဲ ပြန်ရောက်လာတဲ့ ကောင်ငယ်လေး။
" ဟိုမှာ ပြန်လာပါပြီ
Jungkook မင်းပဲ စာကြည့်ခိုင်းလိုက်တော့
ငါတော့အခန်းထဲသွားတော့မယ်
သူနဲ့ဆို ငါစာရတော့မှာမဟုတ်ဘူး "

ပြန်ရောက်ရောက်ချင်းပင် taetae hyungကပြောပြီး အခန်းထဲဝင်သွားသည်မို့ နားမလည်စွာ hyungကို
ကြည့်မိတော့ မသိချင်ယောင်ဆောင်ကာ ဟိုဘက်
လှည့်သွားသည်။ဘာတွေများ စိတ်ကောက်နေပြန်ပြီလည်းမသိ။ Hyungနှင့် တွဲလာသည့်နှစ်လအတွင်း သိလာရသည်မှာ hyungသည် တော်တော်စိတ်ကောက်
တတ်ပါသည်။သူများတွေလို အကြာကြီးကောက်သည်
လည်းမဟုတ်ဘဲ စိတ်မထင်ရင်မထင်သလို ထထ
ကောက်တတ်ကာ ချော့လိုက်ရင်လည်း ခဏလေးနဲ့ ပြေလွယ်ပါသည်။ အချော့ခံ၊ အလိုလိုက်ခံချင်သည့်
ကလေးလေးလိုမျိုး ချစ်စရာကောင်းစွာကောက်ပြ
တတ်တာမို့ ကျွန်တော်ကလည်း မငြ်ိုငြင်ရက်စွာ
ချော့လျက်ပါပဲ။တစ်ခါတစ်လေတော့လည်း နှစ်နှစ်ကြီးသည့် အစ်ကိုကြီးပီသစွာ ဆုံးမတတ်သေးသည်။
ကိစ္စမရှိပါ။ hyungကို ချစ်နေရရင်ကို ပျော်နေတတ်သူမို့ hyungက ဆရာလုပ်ချင်လာသည့်အခါ ဘာမှမသိတဲ့ ကလေးလေးလို hyungစကားကိုသာ နားထောင်
ပေးလိုက်မည်။ hyungက ကလေးလေးလို
စိတ်ကောက်ချင်လာသည့်အခါတွင်လည်း စိတ်ရှည်စွာ ချော့ပါမည်။

Love is hyungWhere stories live. Discover now