အတော်ကြာသည့်တိုင် လူကစိတ်နဲ့ကိုယ်နဲ့မကပ်။ ခုနစကားကသာ နားထဲတဝဲလည်လည်။ တကယ်များလား၊ hyungကို မေးကြည့်ရမလား၊ တကယ်ဆိုရင်ရော တကယ်သာဆို ဘယ်လိုလုပ်မလဲ၊ မသိချင်ယောင်ပဲဆောင်နေရမလား၊ hyungကပြောပြလာရင်ရော စသည့် အတွေးပေါင်းစုံနှင့် လူက ထိုင်ရာမှမထမိသေး။
" Jungkook"
ဘေးနားကနေ ပုခုံးကိုလှုပ်ကာ ခေါ်သံကြားမှ အနားမှာ Mingyuရှိနေသေးမှန်း သတိရတော့သည်။
" အတန်းဆင်းသွားပြီလေ အပြင်ထွက်ကြရအောင်"
ထိုအခါမှ ဝေ့ဝဲကြည့်မိတော့ အတန်းထဲမှာ တစ်ယောက်မှမရှိတော့။ ဘယ်ချိန်က အတန်းဆင်းသွားမှန်းတောင် မသိလိုက်။ Mingyu အား ခေါင်းသာငြိမ့်ပြရင်း ပစ္စည်းသိမ်းကာအခန်းအပြင်သာ ထွက်လာခဲ့တော့သည်။အရှေ့ကစကားသံတွေကြားပြီးကတည်းက ငြိမ်ကျသွားသည့်ယုန်ပေါက်။ စီနီယာတွေ ပြန်သွားသည်ကိုလည်းမသိ ဆရာဝင်လာသည်ကိုလည်းမကြားဟန် ခေါင်းငုံ့ကာ ငြိမ်ထိုင်နေလေသည်။ တော်သေးသည်မှာ ခုမှပထမရက်မို့ ဆရာကစာမသင်သေးဘဲ အနည်းငယ်မိတ်ဆက်ကာ ထွက်သွား၏။ အတန်းထဲက အကုန်ထွက်သွားသည့်တိုင် တစ်ချက်မလှုပ်လာတာကြောင့် ပုခုံးကိုကိုင်ကာ ခေါ်မိတော့မှ အလန့်တကြား မော့ကြည့်လာသည်။ ခုမှအသိဝင်လာသည့်ပုံစံဖြင့် ဘေးဘီဝဲယာ လှည့်ကြည့်နေသေးသည်။ အပြင်ထွက်ရန်ပြောတော့လည်း ခေါင်းသာငြိမ့်ရင်း ပစ္စည်းတွေ ဆွဲလွဲထည့်နေပြန်သည်။ သက်ပြင်းသာချမိရင်း ဒီပုံစံနှင့်တော့ တစ်ယောက်ထဲလွှတ်လိုက်လို့ မဖြစ်သည်မို့ နောက်ကသာ လိုက်လာခဲ့တော့သည်။
အခန်းအပြင်ရောက်တော့ အခန်းရှေ့မှာ နံရံကိုကျောမှီရင်း ရပ်နေသည့်hyung။ Hyung က ဒီမှာ ဘာလုပ်နေတာလဲ ကိုယ့်ဘာသာ အတွေးတွေနဲ့ ရှုပ်နေတုန်း
" Kookie "
လှမ်းခေါ်ရင်း အနားရောက်လာသည့် hyung။
" အတန်းပြီးပြီမလား ကန်တင်းသွားရအောင် taehyung လည်းဟိုမှာ၊ hyung သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးမယ်"
"မိတ်ဆက်ပေးမယ်? ဘယ် ဘယ်သူတွေနဲ့လဲ"
" မနက်ကပြောထားတဲ့ hyungနဲ့ရော နောက် တခြားတစ်ယောက်နဲ့ရော"
တခြားတစ်ယောက်? တကယ်ပဲလား တကယ်ပဲ ထိုစကားတွေက မှန်နေတာလား ဘယ်လိုလုပ်ရမလဲ သေချာအောင်လည်း လိုက်ပြီးနားထောင်ချင်သလို အမှန်ဖြစ်နေရင် ဘယ်လိုလုပ်မလဲဆိုသည့် အတွေးတွေနှင့် စဉ်းစားနေတုန်း အခန်းဝကနေ သူတို့ကိုရပ်ကြည့်နေသော Mingyu ကို မြင်လိုက်တာကြောင့်
" Mingyu ကိုပါ ခေါ်လာခဲ့လို့ ရမလား hyung"
သူ့နာမည်ကြားလိုက်တာကြောင့် လှည့်ကြည့်လာသောသူကို မျက်လုံးနဲ့သာ အချက် ပြမိသည်။သတင်းသာ တကယ်ဆို ငါတစ်ယောက်တည်း အဆင်မပြေနိုင်လို့ပါ ကျေးဇူးပြုပြီး။ နားလည်သွားဟန် အနားရောက်လာကာ
" ကျွန်တော်လည်း စီနီယာတွေများများနဲ့ ခင်ချင်လို့ပါ" တဲ့။ ကျေးဇူးပါ နားလည်ပေးလို့။
YOU ARE READING
Love is hyung
FantasyJungkook - ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ အဓိပ္ပာယ်အများကြီး ဖွင့်စရာမလိုအပ်ဘူး။ hyung ဆိုတဲ့ ဖြစ်တည်မှုလေးတစ်ခုနဲ့တင် ရူးသွပ်ပစ်လိုက်ဖို့ လုံလောက်ခဲ့တယ်