34

1K 96 6
                                    

နှစ်ရက်လောက် ငိုကြွေးပြီးသည်နှင့် မဖြစ်မနေချရမည့် ဆုံးဖြတ်ချက်ကိုချကာ hyungဆီထွက်လာလိုက်သည်။hyung နဲ့တွေ့ရင် ဘယ်လိုနေရပါ့မလဲ။ ဘယ်လိုစကားမျိုးပြောရပါ့မလဲ။ ရုတ်တရက် ပျောက်သွားတာမို့ တော်တော်စိတ်ဆိုးနေမည်ထင်။ ဒီတစ်ခါစိတ်ဆိုးတာကို
မချော့နိုင်တော့ပါလားလို့ တွေးမိတော့ မျက်ရည်က ဝဲခနဲ။ နှစ်ရက်လုံး ငိုထားတာတောင် မျက်ရည်က ထွက်လာနိုင်သေးတာပဲ။ hyungရှေ့မှာတော့ လုံးဝငို၍မဖြစ်ပါ။ သူငိုတာမြင်ရင် hyungပိုပြီးပင်ပန်းရမှာမို့။ မငိုဘဲရအောင်ပြောပြီး ပြန်ထွက်လာရပါမည်။ အခန်းရှေ့ရောက်သည့်တိုင် လူကချည်တုံချတုံနှင့်။ hyung အိမ်မှာရှိမနေရင်ကောင်းမှာပဲ။ မဟုတ်သေး ဒါနောက်ဆုံးတွေ့ရတာ ဖြစ်နေမလားမသိတာမို့ မျက်နှာလေးတော့ မြင်ချင်ပါသေးသည်။

အတွေးပေါင်းစုံနှင့်အတူ ဝင်လာလိုက်တော့ တိတ်ဆိတ်နေသော အခန်းငယ်လေးက ကြိုဆိုသည်။ hyungရှိမနေဘူးပဲ။ သူ့များလိုက်ရှာနေမလား၊ ကျွန်တော့်ကြောင့် ပင်ပန်းရပြီ။ အခန်းထဲဝင်လာလိုက်တော့ ဘီယာဘူးခွံအချို့နှင့် ရှုပ်ပွနေလျက်။ hyung ဘီယာတွေသောက်ထားတာလား။ အစားအသောက်လုပ်ပေးမဲ့သူလည်းမရှိဘဲနဲ့ ဗိုက်တွေနာနေတော့မှာပဲ။ အကျင့်ပါနေသည့်လက်တို့က သိမ်းမလို့လုပ်ပြီးကာမှ ပြန်ချရသည်။ hyungပြန်မလာခင် သူအမြန်သွားရပါမည်။ အဝတ်တွေထည့်နေရင်း သူ့နာမည်ကိုခေါ်လာတာကြောင့် အလန့်တကြားလှည့်ကြည့်မိတော့ hyungကအခန်းထဲတောင်ရောက်နေပြီ။ သူစိတ်တွေလွတ်နေလိုက်တာ။ တံခါးဖွင့်သံတောင်မကြားလိုက်မိ။ သူ့hoodieပွပွကြီးကို ဝတ်ထားတဲ့hyungက နွမ်းလျနေလိုက်တာ။ နှစ်ရက်ထဲကို တော်တော်ပိန်သွားသလိုပဲ။ နီရဲနေသောမျက်နှာနုနုလေးကို မကြည့်ရက်တာကြောင့် ကျောပေးပြီးခေါင်းငုံ့ထားလိုက်မိသည်။ သူဆက်ကြည့်နေရင် ငိုချမိတော့မှာ။

           "မင်း ဘယ်တွေလျှောက်သွားနေတာလဲ ဟမ် နှစ်ရက်လုံး အဆက်အသွယ်မရဘဲ အဲ့လိုပျောက်သွားရင် ငါဘယ်လောက်စိတ်ပူနေမလဲဆိုတာ မတွေးမိဘူးလား "
တောင်းပန်ပါတယ် hyung။

        "ခုအဲ့ဒါ ဘာလုပ်နေတာလဲ။ ဘာလုပ်နေတာလဲလို့ မေးနေတယ်လေ !! "
ဒေါသတကြီး အော်ဟစ်လာသည့် အသံလေးသည် အဖျားတို့ပင် တုန်လျက်။ ဘယ်လိုပြောထွက်ရက်ပါ့မလဲ hyungရယ်။ hyungနဲ့တွေ့ရင်ပြောဖို့ စဉ်းစားလာသမျှစကားတို့သည် ဘယ်ရောက်ကုန်မှန်းမသိ။ ခုချိန်စကားပြောမိရင် ငိုမိသွားမှာသိနေတာကြောင်​့ အံတင်းတင်းကြိတ်ထားမိသည်။

         " ထပ်ပြီးထွက်ပြေးဦးမယ်ပေါ့ ဟုတ်လား။ ပြဿနာတစ်ခုကို ဖြေရှင်းဖို့မကြိုးစားဘဲ ထွက်ပြေးဖို့ပဲကြံစည်နေတဲ့မင်းကို ငါအရမ်းမုန်းတာပဲ "
တင်းခံလာသမျှမျက်ရည်တို့က ဒီစကားအဆုံးမှာတော့ ပါးပြင်ပေါ်လိမ့်ဆင်းကျသည်။ hyungက သူ့ကိုမုန်းတယ်တဲ့။ အဆက်မပြတ်ကျနေတဲ့ မျက်ရည်တွေကြောင့် နှုတ်ခမ်းကိုသာ ဖိကိုက်ထားမိသည်။

         "မင်းငါ့ကိုချစ်တယ်ဆ်ိုတာ ဒီလောက်ပဲလား။မင်းငါ့ကို ဒီလိုအလွယ်တကူ စွန့်လွှတ်လိုက်မယ်ဆိုရင် တခြားအရာတွေနဲ့ယှဉ်ပြီး မင်းကိုရွေးချယ်ခဲ့တဲ့ငါက အရူးကြီးလားလို့!!!! "
မလွယ်ကူပါဘူး hyungရယ်။ ချစ်လွန်းလို့ပါ။ အရမ်းချစ်တာမို့ ကျွန်တော့်အတွက်နဲ့ hyungအိပ်မက်တွေက်ို မဖျက်စီးပစ်နိုင်လို့ပါ။

" ငါဆိုတဲ့ကောင်ကလည်း မင်းနဲ့မှဖြစ်မှာမို့ တခြားအရာတွေမစဉ်းစားဘဲ တစ်ခါလောက် မင်းအတွက်ပဲစဉ်းစားပြီးတော့ နည်းနည်းလောက်လေး လောဘကြီးကြည့်ပေးလို့ မရဘူးလား "
ကျွန်တော်လောဘကြီးခဲ့တာကြောင့် hyungခုလို ခံစားနေရတာ။ ဘယ်လိုမျက်နှာမျိုးနဲ့ ထပ်ပြီးလုပ်ရက်နိုင်ပါ့မလဲ။
အတော်ကြာတိတ်ဆိတ်သွားပြီးမှ

"အရင်တစ်ခါက မင်းပြောခဲ့တယ်မလား။ မင်းမာမီပြောတဲ့အတိုင်း မလုပ်ခဲ့မိရင် ငါ့ကိုလက်လွှတ်လိုက်ရတော့မှာလို့။ ငါပြန်ပြောခဲ့တယ်လေ။ အဲ့လိုမဖြစ်ရအောင် ငါကမင်းဆီလာပေးပါ့မယ်လို့။ ဒီတစ်ခါတော့ မင်းထွက်သွားရင် ငါတို့တကယ်ပြီးသွားပြီ။ငါလိုက်မလာတော့မှာမို​့မင်းဘာသာမင်း ဆုံးဖြတ်ပါ "
ပြီးသွားပြီတဲ့။ အဲ့စကားလုံးလေးက ဘာလို့ဒီလောက်တောင် နာကျင်ရတာပါလိမ့်။ မျက်လုံးစုံမှိတ်လိုက်ရင်း ဒါတွေအကုန် အိပ်မက်ဆိုးတစ်ခုဖြစ်နေပါစေလို့ ဆုတောင်းနေမိသည်။ တောင်းပန်ပါတယ် hyung။

\\ အဆင်ပြေကြရဲ့လား \\

Love is hyungWhere stories live. Discover now