မပြောမဆိုဘဲ ညအချိန်မတော်ကြီး ရောက်လာသည်မို့
မာမီ့မှာ တအံ့တဩ။ဘာဖြစ်လာတာလဲလို့ တောက်လျှောက်မေးကာ တအားစိတ်ပူနေသည်မို့
အချိန်ကိုမစဉ်းစားဘဲ ထွက်လာမိတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်မိတော့သည်။ အချိန်မှမဟုတ် ဘာကိုမှ
မစဉ်းစားနိုင်ခဲ့တာ။ မွန်းကြပ်လွန်းတာမို့ တစ်နေရာရာကို ထွက်သွားချင်တဲ့စိတ်ပဲရှိနေခဲ့သည်။မာမီ့ကို စိတ်မပူရန် ဖြောင်းဖြပြောဆိုပြီး မနက်မှပြောပြမည်ဟုဆိုကာ အခန်းထဲသာ ဝင်လာခဲ့လိုက်သည်။ဒီနေ့အဖို့တော့ ဘယ်သူ့ကိုမှ ဘာစကားမှပြောချင်စိတ်မရှိတော့။ အိပ်ရာပေါ်လှဲချ
လိုက်ရင်း မျက်လုံးတွေမှိတ်ထားမိတော့ ပေါ်လာသည်က ခုနက မြင်ကွင်းတွေ။Hyungဖုန်းကျန်ခဲ့တာမို့ အရေးတကြီးလိုအပ်နေမည် စိုးတာကြောင့်ရော၊ Soohyungဆိုတာနဲ့ အလောတကြီးပြေးထွက်သွားသည့်နောက် လိုက်ကြည့်ချင်မိသည့်
စိတ်ကြောင့်ပါ လိုက်လာခဲ့တာ။ကျောင်းနားမှာဟု ပြောသံကြားလိုက်တာကြောင့် ကျောင်းနားတစ်ဝိုက် ရှာကြည့်မိတော့ ကျောင်းရှေ့သစ်ပင်အောက်တွင် တွေ့လိုက်ရသည့် hyungနှင့် soohyung noona။လျှောက်သွားမည်လုပ်ပြီးကာမှ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အသက်ရှုပင်ရပ်သွားသလို။ Hyungသည် သူခုနလေး
တင်ပေးခဲ့သော မာဖလာလေးအား Soohyung noonaကိုယ်ပေါ်တွင် သေချာပတ်ပေးကာ ငြင်သာစွာ ပွေ့ဖက်ထားနေခဲ့သည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ခေါင်းထဲပေါ်လာသည်က မတင်မကျဖြစ်ခဲ့သော အကြောင်းအရာများ။ hyungချီးကျူးဖူးတဲ့ တစ်ဦးတည်းသော သူငယ်ချင်းမလေး၊ အထက်တန်းကျောင်းသာမက uniတူ၊ ဝါသနာတူ ကဖော်ကဖက်၊ သူများတွေပြောနေကြသည့် hyungတို့နှစ်ယောက်အကြောင်းတွေ၊ Mingyuမေးတုန်းက မဖြေခဲ့တဲ့ hyung။ တစ်ချက်ချင်း ပြန်ပေါ်လာသည့်အခါ ခြေထောက်တို့ပင် ခွေကျချင်လာသည်။
အမြန်ဆုံးစဉ်းစားမိသည်မှာ ဒီနေရာကနေ ဝေးဝေးသွားရမည်ဟူ၍ပင်။ လဲကျချင်နေသည့်ခြေထောက်တို့ကို မနည်းအားစိုက်ကာ အခန်းရောက်အောင် ပြန်လာခဲ့ရသည်။မီးလင်းနေသည့် အခန်းငယ်လေးကို ကြည့်ရင်း လူက နေလ်ို့ထိုင်လို့မရတော့။ ကျောင်းမှာတုန်းကတော့ ကိုယ်ကပဲ အကြံဉာဏ်တွေပေးကာ အားပေးခဲ့ပြီးမှ တကယ်တမ်းဖွင့်ပြောတော့မည်ဆိုတော့လည်း မနေနိုင်။ နေမရ
သည့်အဆုံး ကားသော့ဆွဲပြီး ထွက်လာကာ ခုလ်ို
ထိုင်ကြည့်နေမိခြင်းပင်။မင်းကြောင့်ပဲ တစ်ခါမှ မလုပ်ဖူးတာတွေ လုပ်နေမိတာပဲ ယုန်ပေါက်ရယ်။ကြည့်နေတုန်း မီးမှိတ်သွားတာကြောင့် နာရီကိုကြည့်မိတော့ ကိုးနာရီခွဲရုံရှိသေးသည်။ အစောကြီး အိပ်သွားကြတာလား။
ဖွင့်ပြောပြီးသွားပြီလား မဟုတ်မှ။အတွေးတွေနဲ့
ပူလောင်နေတုန်း တိုက်ခန်းလှေကားကနေ
လွယ်အိတ်တစ်လုံးနဲ့ ဆင်းလာသည့်ယုန်ပေါက်ကြောင့် ကားပေါ်က အမြန်ဆင်းလိုက်ရသည်။ရှေ့တည့်တည့်မှာရှိနေတဲ့ သူ့ကိုမမြင်ဘဲ ခေါင်းငုံ့ကာဖြတ်လျှောက်သွားတာကြောင့် လက်ကိုလှမ်းဆွဲမိတော့ မော့ကြည့်လာသည်ကမျက်ရည်တွေဝိုင်းနေတဲ့ မျက်လုံးနက်ကလေးတွေ။ ခုမှ
တကယ် ရင်ပူရပါတော့သည်။
" Jungkook ဘာဖြစ်လာတာလဲ ဘယ်သွားမလို့လဲ "
" ဟမ် ငါ အိမ်၊ အိမ်ပြန်မလို့"
"အိမ်? ဒီမှာ မင်းအိမ်လေ ဘယ်ကအိမ် ကို"
" ဘူဆန် ဘူဆန်ကအိမ်ကို မာမီ့ဆီသွားမလို့"
ပြောပြီး ဆက်လျှောက်သွားပြန်တာမို့ လှမ်းဆွဲထားရင်း
" Jeon Jungkook! သတိလေးထားဦး ဘာတွေဖြစ်နေတာလဲ ဒီအချိန်ကြီးမှ ဟိုကို ဘယ်လိုသွားမလို့လဲ"
" ငါ ငါ မွန်းကြပ်လို့ပါ သွားမှဖြစ်မယ် ဒီမှာ အသက်ရှူမရဘူး"
ခုချက်ချင်းငိုချတော့မည်ပုံနှင့် တုန်ယင်စွာ ပြောလာ
သည့်ယုန်ပေါက်ကြောင့် အရင်ဆုံးကားပေါ်တင်ကာ မောင်းထွက်လာရသည်။
YOU ARE READING
Love is hyung
FantasyJungkook - ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ အဓိပ္ပာယ်အများကြီး ဖွင့်စရာမလိုအပ်ဘူး။ hyung ဆိုတဲ့ ဖြစ်တည်မှုလေးတစ်ခုနဲ့တင် ရူးသွပ်ပစ်လိုက်ဖို့ လုံလောက်ခဲ့တယ်