အိမ်ပြန်ရောက်သည်နှင့် ခဏနားကာ ညနေစာချက်ရန် ပြင်ဆင်ရသည်။ သားအမိနှစ်ယောက်တည်းဖြစ်သဖြင့် မာမီမအားသည့်အခါမျိုး ၊ အိမ်ပြန်နောက်ကျသည့်အခါမျိုးတွင် သူသာချက်ပေးဖြစ်သည်။ ချက်ပြုတ်ပြီးခါနီးတွင် အိမ်ရှေ့မှ တံခါးဖွင့်သံကြားရသည်။ မာမီပြန်လာပြီထင်။
" အိုး သားလေး ချက်နေရပြီလား sorryကွာ မာမီနောက်ကျသွားတယ်"
"ရပါတယ် မာမီရဲ့ အကုန်ပြီးနေပါပြီ အာ့ဆို သားရေသွားချိုးလိုက်ဦးမယ် မာမီလည်းနားလိုက်ဦးလေ ပြီးရင်တူတူစားကြမယ်"
" အေး အေး "
ရေချိုးပြီးသည်နှင့် သားအမိနှစ်ယောက် ထမင်းလက်စုံစားဖြစ်သည်။ အလုပ်များသော မာမီနှင့် ကျောင်းတက်နေရသော သူတို့ ထမင်းတူတူစားဖြစ်သည်မှာ ရှားပါးလှသည်။ စားနေရင်း စကားသိပ်မပြောဖြစ်သော်လည်း တစ်ယောက်တည်းမဟုတ်ဘူးဆိုသော အသိကြောင့်လားမသိ ထမင်းစားပိုမြိန်သလို။ စားသောက်ပြီးသည်နှင့် hyungအတွက် ပေါင်မုန့်ဝယ်ရန် စိတ်ကူးမိသည်။
" မာမီ သားလမ်းထိပ် ခဏသွားမလို့ ဘာမှာဦးမလဲ"
"ဘာဝယ်စရာရှိလို့လဲ သား"
" မနက်အတွက် ပေါင်မုန့်ဝယ်ထားမလို့"
" ပေါင်မုန့်? "
" ဟုတ် ဟို....hyungအတွက်"
အသံတိုးတိုးဖြင့်သာ ဝန်ခံမိတော့ မာမီက နားလည်သလို ပြုံးပြလေသည်။
" သတိထားသွားနော်"တဲ့ ။hyung အတွက် ပေါင်မုန့်နဲ့နွားနို့အပြင် hyungကြိုက်တတ်တဲ့ မုန့်လေးတွေပါ တွေ့သဖြင့် ဝယ်လာခဲ့မိသေးသည်။ hyungက တခြားနေရာတွေသာ အရွဲ့တိုက်ပြီး နေချင်နေမယ် အစားအသောက်နဲ့ဆိုရင်တော့ ဟန်မဆောင်တတ်၊ တကယ် ကလေးလေးလိုပင်။ လမ်းလျှောက်ပြန်နေရင်း ဖုန်းသံကြားသဖြင့် ကြည့်မိတော့ Mingyu
" Hello "
" အမယ် ကြားသားမိုးကြိုး ငါဖုန်းခေါ်တာကို တန်းကိုင်လို့ပါလား "
စာအုပ်ဖတ်နေရင်ဖြစ်ဖြစ် ပန်းချီဆွဲနေရင်ဖြစ်ဖြစ် ဖုန်းကို ဘယ်သူခေါ်ခေါ် တစ်ခါခေါ်ရုံနှင့် မကိုင်တတ်သော သူ့အကြောင်းကို သိနေသဖြင့် နောက်နေခြင်းသာ။ အင်း hyung ကတော့ခြွင်းချက်ပေါ့။
YOU ARE READING
Love is hyung
FantasyJungkook - ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ အဓိပ္ပာယ်အများကြီး ဖွင့်စရာမလိုအပ်ဘူး။ hyung ဆိုတဲ့ ဖြစ်တည်မှုလေးတစ်ခုနဲ့တင် ရူးသွပ်ပစ်လိုက်ဖို့ လုံလောက်ခဲ့တယ်