3

1.7K 135 0
                                    

ကျွန်တော့်စာသင်ခန်းသို့ရောက်တော့ ဆရာတောင်ဝင်နေလေပြီ။ hyungတို့ စာသင်ဆောင်နှင့် ကျွန်တော်တို့ စာသင်ဆောင်က ကြားတွင် အားကစားကွင်းခြားကာတည်ရှိသည်။ ပုံမှန်ဆိုရင်တော့ hyungတို့ စာသင်ဆောင်မှပြေးလာလျှင် ၁၀မိနစ်ပင်မကြာ ရောက်နိုင်ပေမဲ့ ခုနက ကိစ္စကို မျက်လုံးထဲကမထွက် စဉ်းစားကာတွေးရင်း လျှောက်လာသဖြင့် နောက်ကျသွားခြင်းဖြစ်သည်။

" ဆရာ ဝင်ခွင့်ပြုပါ"
ဆရာ့ကို ခွင့်တောင်းမိတော့ ဆရာက အသံလာရာကို အံ့ဩစွာ လှည့်ကြည့်သည်။

" Jungkook သား ဘာလို့နောက်ကျနေတာလဲ ၊ တစ်ခုခုဖြစ်လို့လား "

ကျောင်းရဲ့ စံပြကျောင်းသားတစ်ယောက်ဖြစ်ကာ စာတော်ပြီး လိမ္မာသော jungkook ကို ဆရာဆရာမများက ချစ်ခင်ကြသည်။ ဒါ့အပြင် အတန်းခေါင်းဆောင်တစ်ယောက်လည်းဖြစ်သောကြောင့် ခုလိုနောက်ကျသည်ကို ထူးဆန်းနေဟန်။

" ကိစ္စလေးတစ်ခုရှိလို့ပါ တောင်းပန်ပါတယ်"
မျက်နှာသိပ်မကောင်း၍ပဲလား၊ ပထမဆုံးအကြိမ်ဖြစ်၍ပဲလားမသိ ထပ်မမေးတော့ဘဲ ဝင်ခွင့်ပေးလာသည်။

" အေး အေး နောက်မဖြစ်စေနဲ့ပေါ့"

"Nae"

နေရာမှာဝင်ထိုင်တော​့ အနားက Mingyuက
" စံပြကျောင်းသားကြီးက ထူးထူးဆန်းဆန်း နောက်ကျလို့ပါလား"

လာစနေသည်ကို ပြန်မပြောဘဲ စာအုပ်ထုတ်ကာ စာသင်ရန်လုပ်တော​့ နှာခေါင်းရှုံ့ကာ ပြန်လှည့်သွားသည်။ အမြဲ လာလာစပြီး အဖတ်မလုပ်ရင်လည်း စိတ်မဆိုးဘဲ အမှတ်မရှိ စမြဲစနေတတ်သော၊ jungkookရဲ့ အရင်းနှီးဆုံး သူငယ်ချင်းပဲဆိုပါတော့။

Jungkookက အနေတည်ကာ အေးအေးဆေးဆေးသာ နေတတ်သောကြောင့် ရင်းနှီးသောသူငယ်ချင်းဟူ၍ များများစားစားမရှိ။ အားကစားစိတ်မဝင်စားသဖြင့် library နှင့် ပန်းချီအသင်းသာ ဝင်ထားသောကြောင်​့လည်း တခြားကျောင်းသားများနှင့် ကွဲထွက်သလိုဖြစ်နေသည်။ Jungkook ဘဝသည် အမေရယ် ၊ စိတ်အေးချမ်းစေတဲ့ စာအုပ်နဲ့ ပန်းချီတွေရယ်၊ ပြီးတော့ နှလုံးသားတစ်ခုလုံးဖြစ်တည်ရာ hyungရယ်သာ။

Love is hyungDonde viven las historias. Descúbrelo ahora