9

1K 109 0
                                    

အိမ်ရောက်သည်နှင့် လွယ်အိတ်ချကာ hyungဆီသွားဖို့ ပြင်ရသည်။
"Mingyu ya မင်းခဏနေခဲ့ဦးနော် ပူတုန်းလေးစားရအောင် hyungဆီသွားပေးလိုက်ဦးမယ်"

hyungခုချိန် စာများလုပ်နေမလားမသိ။သူအရမ်းကြိုက်သည့်ဟာမို့ ပျော်သွားမဲ့ မျက်နှာလေးက်ို မြင်ယောင်ရင်း hyungအိမ်သို့ ထွက်လာခဲ့သည်။

"အန်တီ?"

"ဪ သား jungkook လာလေ ဒီနေ့ examပြီးတာမလား ဖြေနိုင်တယ်ဟုတ်"

"ဟုတ်ကဲ့ ဖြေနိုင်ပါတယ်"

"အင်းလေ jungkookက စာတော်တာပဲ မင်းhyung သာ ဘယ်လိုလာဦးမယ်မသိ"

" hyungရော အန်တီ၊ ဒီမှာ သူငယ်ချင်းနဲ့ သွားစားရင်း hyungအတွက်ပါဝယ်လာခဲ့တာ"

"အမလေး jiminတို့ကတော့ ပျော်နေတော့မှာပဲ မင်း hyungကတော့ အခန်းထဲကကို မထွက်ဘူး သားယူသွားမလား အန်တီလှယ်ပေးမယ် ပေး ပေး"

အန်တီထည့်ပေးသည့် ခေါက်ဆွဲပန်းကန်ကိုယူရင်း hyungအခန်းသို့ တက်လာလိုက်သည်။
" hyung  jimin hyung "

တံခါးခေါက်ကာ ခေါ်သော်လည်း တုံ့ပြန်သံမကြားရ။ ဖွင့်ကြည့်မိတော့ စာကြည့်စားပွဲတွင် လက်မောင်းပေါ် ခေါင်းအုံးကာ အိပ်ပျော်နေသော hyung။ ဖြေးဖြေးချင်း တွန်းဖွင့်ပြီး စားပွဲပေါ် ပန်းကန်တင်လိုက်သည်အထိ နိုးမလာသေး။ စာတွေကြည့်ရတာ ပင်ပန်းနေသည်ထင်။စာမေးပွဲရက်တွေအတွင်း မတွေ့ဖြစ်တုန်း မျက်နှာဖူးဖူးလေးတောင် ချောင်ကျနေသလို။ နာရီကိုကြည့်မိတော့ ၆နာရီပင်ထိုးတော့မည်၊ ဒီချိန်ကြီးအိပ်နေရင် နေမကောင်းဖြစ်နေတော့မှာပဲ။အတွေးတို့ဖြင့် လက်မောင်းလေးကို လှုပ်ကာ နိုးရသည်။
" Hyung jimin hyung "

"hmmmmmm"

" hyung ခုချိန်ကြီး မအိပ်နဲ့လေ နေမကောင်းဖြစ်နေမယ် ညကျမှ စောစောအိပ်ရင်အိပ်"

ခေါင်းကမတ်လာသော်လည်း မျက်လုံးကဖြင့် မဖွင့်သေးဘဲ ပြောနေသည်ကို ခေါင်းတငြိမ့်ငြိမ့်နှင့်။ အသည်းယားဖို့ကောင်းလိုက်တာ hyungရာ။

"ဒီမှာ hyungကြိုက်တဲ့ တံတားနားက ခေါက်ဆွဲဝယ်လာတယ် ပူတုန်းလေး မစားဘူးလား"
ခေါက်ဆွဲဆိုသည့် အသံကြားမှ ဆတ်ကနဲ မျက်လုံးကဖွင့်လာလေသည်။

Love is hyungحيث تعيش القصص. اكتشف الآن