14

1K 105 0
                                    

ဒီနေ့ ကျောင်းစတက်ရမှာကြောင့် jungkook တစ်ယောက် စောစောထကာ ပြင်ဆင်နေမိသည်။ မနက်စာစားရန် ပြင်ပြီးသည့်တိုင် hyungတို့က မထလာသေး။ Taetae hyungအခန်းကို တံခါးခေါက်ကြည့်တော့
" taetae hyung ထသေးဘူးလား Hyung!"
ကျယ်ကျယ်ခေါ်ကာမှ ထပြီဆိုသည့် အသံသာကြားရသည်။ လူကတော့ ထွက်မလာ။ ထားတော​့ နှိုးပြီးပြီပဲ။
ကိုယ့်အခန်းထဲ ဝင်မိပြန်တော့ hyung က ခုထက်ထိ စောင်ပုံထဲမှာပင်။
" hyung jimin hyung ထတော့လေ မနက်စာတောင်ပြင်ပြီးသွားပြီ"
" အင်း...... kookie အစောကြီးထနေတာလား တက်ကြွနေတယ်ပေါ့"
" ဟီး ဒီနေ့ မှ စတက်ရမှာဆိုတော့ နည်းနည်းတော့ စိတ်လှုပ်ရှားတယ်"
hyung က ပြုံးသာပြရင်း အိပ်ရာထဲကထကာ ဘီရိုထဲက အိတ်တစ်ခုထုတ်လာသည်။
" ရော့ ကျောင်းစတက်တဲ့ အမှတ်တရအနေနဲ့"
ထုတ်ကြည့်မိတော့ မီးခိုရောင် ကုတ်အရှည်တစ်ထည်။
" hyung "
" ကြိုက်လား"
" အင်း အရမ်းကြိုက်တယ်"
" ဟုတ်ပါပြီ ကြိုက်ရင်ပြီးတာပဲ hyung ကျောင်းသွားဖို့ ပြင်လိုက်ဦးမယ်"
hyungကပေးပြီး ရေချိုးခန်းထဲ ဝင်သွားသည့်တိုင် jungkookတစ်ယောက် မျက်နှာပေါ်က အပြုံးတွေကို ဖျောက်ဖျက်မရတော့။

ပြင်ဆင်ပြီးထွက်လာတော့ ဟိုကလေးနှင့် taehyungက မနက်စာပင်စားနေကြပြီ။
        " jimin na ငါတို့တော့ jungkookရောက်လာမှပဲ မနက်စာမှန်တော့မယ်ထင်တယ်"
         " မင်းကလည်း ကလေးကို ခိုင်းဖို့ပဲ jungkook နောက်ဆို မနက်ထမလုပ်လည်းရတယ် hyungတို့ဆို canteen မှာ စားနေကြပဲ နောက်ဆို မင်းလည်း ကိုယ့်အတန်းချိန်နဲ့ကိုယ် ဖြစ်နေမှာ"
        " ကျွန်တော် အားတဲ့နေ့တွေဆို ပြင်ပေးမယ်လေ"
        " Aigoo ငါတို့ jungkookieလေးက လိမ္မာလိုက်တာ"
       " ခိုင်းဖို့ စဉ်းစားမနေနဲ့ မင်းဘာသာ hobi hyungနဲ့ သွားစား"
       " hobi hyung?"
      " hyung တို့ စီနီယာလေ music clubကပဲ ပြီးတော့ "
     " ငါ့ချစ်သူ"
jungkookက မျက်လုံးပြူးကြည့်လာတော့မှ သူ့ဘာသာပြောပြီး မျက်နှာကြီးနီရဲကာ နံနက်စာသာ ငုံ့စားနေတဲ့ taehyungကို ကြည့်ရင်း ရယ်မိတော့သည်။ နောက်ဆုံးတော့ taehyungတို့ တစ်နှစ်လောက် နှိပ်စက်ပြီးတော့ အဖြေပြန်ပေးလိုက်ပြီလေ။
        " ဒီနေ့အတန်းပြီးမှ မိတ်ဆက်ပေးမယ် ဒီနေ့တက်ရမဲ့ အခန်းရော သိပြီလား အဆင်ပြေလား "
        " ဟုတ် သိပြီ Mingyu နဲ့ ချိန်းထားတယ် အဆင်ပြေပါတယ်"
Mingyu အဲ့ကလေးနဲ့ တစ်မေဂျာတည်းပဲ။ ဘာလို့မှန်းတော့မသိ အဲ့ကလေးက နည်းနည်းတော့ အင်း ထူးဆန်းတယ်။

Love is hyungحيث تعيش القصص. اكتشف الآن