35

1K 97 2
                                    

လှည့်ထွက်လာကာမှ ကြားလိုက်ရတဲ့ ရှိုက်သံတိုးတိုးလေး။ လှည့်ကြည့်မိတော့ ကုတင်ပေါ်က ပုံရိပ်လေးသည် နောက်ကျောပေးထားဆဲ။ မင်းလည်း အဆင်မပြေဘဲနဲ့ ကောင်ငယ်လေးရယ်။ ကြည့်နေရင်းမှ ကျောပြင်တို့သည် တုန်ယင်နေကာ တစ်ခုခုမူမမှန်တာကြောင့်  အနားသွားကာကြည့်မိတော့
" kookie ဘာဖြစ်လို့ ... "
ဘယ်ချိန်ကတည်းက ဖိက်ိုက်ထားမှန်းမသိသည့် နှုတ်ခမ်းပါးတို့သည် ပေါက်ပြဲကာ သွေးတို့စီးကျလျက်။မျက်လုံးတို့ကို အတင်းမှိတ်ထားကာ တစ်ကိုယ်လုံးတုန်ယင်နေသည်။ တင်းတင်းဆုပ်ထားသည့် လက်သီးဆုပ်တွေအပေါ် အုပ်ကိုင်လိုက်ရင်း
" Jungkook ! ဘာဖြစ်တာလဲ သတိထားဦးလေ
Jungkook ya , hyungကိုကြည့်ပါဦး ဟင့် အဲ့လိုမလုပ်ပါနဲ့ jungkook ya "
ဘယ်လောက်ပင် အော်ခေါ်နေသော်လည်း အသိဝင်မလာသေးသည့် ကောင်ငယ်လေးကြောင့် ကိုက်ထားသည့် နှုတ်ခမ်းပါးတွေက်ိုသာ အတင်းဖိကပ်နမ်းရှိုက်မိသည်။ တော်ပါတော့ jungkookရယ် hyung ရင်တွေနာရလို့ပါ။
အနည်းငယ်ကြာကာမှ ကိုက်ထားသည့် နှုတ်ခမ်းပါးတွေကို လွှတ်ပေးလာသည့် ကောင်ငယ်လေးက မျက်လုံးတွေကိုတော့ဖြင်​့ ဖွင့်မလာသေး။သွေးမရှိသလို ဖြူဖျော့အေးစက်နေသည့် ပါးပြင်လေးတွေကို အုပ်ကိုင်လိုက်ရင်း
" kookie? မျက်လုံးဖွင့်ကြည့်ပါဦး hyung ဒီမှာရှိတယ်လေ hyungကိုကြည့်ပါဦး "

ပြောလိုက်တော့ ဖြည်းဖြည်းချင်းဖွင့်လာသည့် မျက်လုံးလေးတွေ။ သူ့ကိုမြင်တော့မှ အသိကပ်သွားသလို နှုတ်ခမ်းလှုပ်ရုံလေး ခေါ်လာသည် ။
" hyung ?  "
" kookie အဆင်ပြေရဲ့လား ဘယ်လိုဖြစ် ... "
စကားပင်မဆုံးသေး အလောတကြီး တင်းကြပ်စွာ ပွေ့ဖက်လာသည့် ကောင်ငယ်လေး။
" Hyung ! ကျွန်တော် ဟင့် ကျွန်တော်တောင်းပန်ပါတယ်။ကျေးဇူးပြုပြီး ဟင့် မမုန်းလိုက်ပါနဲ့ "
လွတ်ထွက်သွားတော့မည့်အတိုင်း တင်းကြပ်စွာ ဖက်တွယ်ထားပြီး ငိုနေသည့် ကောင်ငယ်လေးအား ပြန်လည်ပွေ့ဖက်လိုက်ရင်း သူလည်း ခုမှသာ သက်ပြင်းချမိတော့သည်။
          " တောင်းပန်ပါတယ် ကျွန်တော်  ဟင့် တကယ်တောင်းပန်ပါတယ် "
တောင်းပန်စကား တတွင်တွင်ဆိုနေသည့် ကောင်ငယ်လေးအား အဆင်ပြေကြောင်း ပြောပြရင်း သူပါ အားတင်းထားသမျှ လျော့ချကာ အတူငိုကြွေးမိတော့သည်။hyungလည်း တောင်းပန်ပါတယ် ကောင်ငယ်လေးရယ်။

Love is hyungWhere stories live. Discover now