ကျောင်းရောက်သည်နှင့် ယုန်ပေါက်ကိုရှာမိတော့ နေရာတွင်ထိုင်ကာ စာလုပ်နေသည့်ယုန်ပေါက်။ အရင်ကတည်းက အနေအေးသူဆိုသော်လည်း ခုနောက်ပိုင်းပို၍ပင် အနေအေးလာသလို။သူမြတ်နိုးရသည့် မျက်ဝန်းနက်ကလေးတွေ လင်းလက်နေသည်ကို မမြင်ရသည်မှာ ကြာပြီဖြစ်သလို ယုန်သွားလေးတွေကိုလည်း မမြင်ရတော့။
"စာတွေကြိုးစားလှချည်လား စံပြကျောင်းသားကြီးရဲ့ ဘယ်သူမှ မင်းရဲ့ roll no ကို လုမယူပါဘူး"
တခဏဖြစ်ဖြစ် စိတ်ပျော်အောင် စနောက်မိသော်လည်း ပြန်ရလိုက်သည်က အပြုံးမမည်သည့် အပြုံးတစ်ခုသာ။ အသိအမှတ်ပြုပေးတာနဲ့တင် တော်သေးသည်ဆိုရမည်။
ဒါဆိုလည်း နောက်တစ်နည်းပေါ့။
" Jungkook ya"
ခေါ်လိုက်တော့လည်း စာလုပ်မပြတ်ဘဲ မေးပဲဆတ်ပြလာတာကြောင့်
" yarr jeon jungkook စာလုပ်တာလေး ခဏနားပြီး ငါ့ကိုအဖတ်လေးလုပ်ပါဦးဟ ငါဒီမှာ အရေးကြီးတာပြောမလို့ကို"
ထိုအခါမှ သက်ပြင်းသဲ့သဲ့ချကာ လှည့်ကြည့်လာ၏။
"ရပြီလား ပြော ဘာလဲ"
အသံခပ်ဆတ်ဆတ်နှင့် ပြောလာသူအား လွယ်အိတ်ထဲမှ စာအုပ်ကို ထုတ်ကာ ပေးမိသည်။
"ဒီမှာ မင်းဟိုတစ်ခါ လိုချင်တယ်ပြောနေတဲ့ စာအုပ် ငါ ဒီပိတ်ရက် seoulသွားတုန်းက ရှာဝယ်လာခဲ့တာ "
စာအုပ်မြင်ကာမှ အနည်းငယ်လက်လာသည်ထင်ရသော မျက်ဝန်းများနှင့် စာအုပ်ကိုယူကာ သေချာကြည့်နေလေသည်။
" မင်း ဒါဘယ်လိုလုပ်ရလာတာလဲ တော်တော်ရှာရခက်တာကို"
" ဟဲ ဟဲ ငါပဲလေ ဘယ်သူမှတ်လို့လဲ ငါတော်တော်ရှာယူခဲ့ရတာနော်"
" အင်း ကျေးဇူးပဲ ဘယ်လောက်လဲ ငါပြန်ပေးမယ်လေ"
"အာ ပိုက်ဆံပြန်ယူစရာလား ဒီတိုင်း လက်ဆောင်ပေးတာ မင်းလိုချင်နေတယ်ဆိုလို့ မင်းအားနာရင် နောက်မှလက်ဆောင်ပြန်ပေး"
ထိုအခါမှ ပြုံးရင်း
"ကျေးဇူးပဲ တန်ဖိုးကြီးမှာကို" တဲ့။ ငါ့အတွက်တော့ မင်းခဏလောက်ဖြစ်ဖြစ် ပြုံးနိုင်တာနဲ့တင် လုံလောက်နေပါပြီ ။*****************************************
အခန်းထဲတွင် ဂနာမငြိမ်စွာ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေမိသော jungkook။ ပြတင်းပေါက်ကနေ လမ်းကို မျှော်ကြည့်နေမိသည်မှာလည်း ခဏခဏ။အကြောင်းမှာ ဒီနေ့ jimin hyungပြန်လာမည်ဖြစ်သောကြောင့်ပင်။ ပြန်လာပါပြီဆိုကာမှ ပိုတွေ့ချင်နေမိသလို မနေ့ညကတည်းက အိပ်မပျော်နိုင်ဘဲ မနက်မြန်မြန်ရောက်ရန်ကိုသာ ဆုတောင်းနေမိတာ။ မကြာပါ လှမ်းမြင်လိုက်ရသော hyungဒယ်ဒီကားကြောင့် အောက်ထပ်ကို ဝရုန်းသုန်းကားပြေးဆင်းလာမိသည်။
KAMU SEDANG MEMBACA
Love is hyung
FantasiJungkook - ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ အဓိပ္ပာယ်အများကြီး ဖွင့်စရာမလိုအပ်ဘူး။ hyung ဆိုတဲ့ ဖြစ်တည်မှုလေးတစ်ခုနဲ့တင် ရူးသွပ်ပစ်လိုက်ဖို့ လုံလောက်ခဲ့တယ်