2

2K 152 0
                                    

ကျောင်းရောက်သည်နှင့် hyungကို အတန်းကိုပဲတန်းသွားခိုင်းကာ hyungစားဖို့အတွက် ပေါင်မုန့်ဝယ်ရန် canteenသို့ ပြေးရတော့သည်။ နောက်ကျနေပြီမို့ hyung စားနေကျ ပဲနီပေါင်မုန့် မရရင်တော့ ခက်ချေပြီ။

'မဖြစ်သေးပါဘူး နောက်ဆို နွားနို့အပြင် hyung စားနေကျ ပေါင်မုန့်ပါဝယ်ထားမှပါ။ hyung က အိပ်ရာထနောက်ကျတတ်တာနဲ့ '
ကံကောင်းစွာပင် တစ်ခုထဲကျန်တော့သော ပဲနီပေါင်မုန့်ကို အမြန်ဝယ်၍ hyungအခန်းသို့ပြေးရပြန်သည်။

hyung အခန်းသို့ရောက်တော့ hyungက သူ့သူငယ်ချင်း taehyungနဲ့ စကားပြောနေလေသည်။

          " ရော့ hyung ဆရာမလာခင် စားလိုက်ဦးနော် hyung ကြိုက်တဲ့ ပဲနီပေါင်မုန့် "

        " မောနင်း jungkook ya"

        " မောနင်း taetae hyung"

        " jimin မင်း ထုံးစံအတိုင်း မနက်စာ စားမလာပြန်ဘူးလား ၊ မင်းနဲ့ jungkook ကိုတော့လေ မသိတဲ့သူဆို မင်းကိုအငယ်ထင်မယ် jungkookကပဲ မင်းကို ဂရုစိုက်နေရတယ်"

        " jimin hyungကလည်း ကျွန်တော့်ကို ဂရုစိုက်ပါတယ် hyung ရဲ့ "

ကျွန်တော်ပြောတော့ taetae hyungက မျက်ခုံးပင့်ကြည့်ကာ မနိုင်ဘူးဆိုသည့်ပုံဖြင့် ခေါင်းသာခါလေသည်။
ကျွန်တော်တို့ စကားပြောနေစဉ် အနားသို့ရောက်လာသော noonaတစ်ယောက်
        
            " မောနင်း jimin na ဒါငါတို့အဖွဲ့ တင်ရမဲ့ assignment အတွက် စာစီထားတာ ကြည့်ကြည့်ပါဦး ပြင်စရာများရှိဦးမလားလို့ "

        " မောနင်း soohyun ဒါတွေကို နင်ကဘာလို့လုပ်နေတာလဲ taeminလုပ်ရမဲ့ဟာတွေမလား"

        " အာ taemin က မနေ့က football clubက အရေးတကြီးခေါ်လို့ သွားရတာနဲ့ပဲ ငါလုပ်ပေးလိုက်တာ"

        " ဒီလောက်အများကြီးကိုလေ"

         " အင်း မနက်ကပါ စောစောထလုပ်လိုက်တာ မနက်စာတောင် မစားခဲ့ရဘူး ဟီး"

        " အာ အဲ့ကောင်ကလည်း ငါတော့မပြောဘူး နင်ပင်ပန်းသွားပြီ"

        " ရပါတယ် ကိစ္စမရှိပါဘူး အချင်းချင်းတွေပဲဟာ"

        " နင် မနက်စာမစားရသေးဘူးဆို ရော့ ဒီပေါင်မုန့်လေးဖြစ်ဖြစ် စားလိုက်ပါလား ခဏနေ ဆရာကလာတော့မှာ"

Love is hyungWhere stories live. Discover now