ဒီနေ့လည်းထုံးစံအတိုင်း hyungမသိအောင် အတန်းလစ်ကာ ဘူဆန်သို့ သွားရပြန်သည်။ တခြားတော့မဟုတ်၊ hyungမာမီဆီကိုသွားခြင်းသာ။ သူဒီလိုလာလာနေတာ နှစ်လပြည့်ခါနီးပြီဖြစ်သည်။ hyungသည် ထုတ်မပြောပေမဲ့ သူ့မာမီကိုလွမ်းနေကြောင်း သိသာလှသည်မို့ ။မျက်နှာလေးမကောင်းသည့်အခါ၊ ဖုန်းလေးကြည့်ကြည့်နေသည့်အကြိမ်တွေများလာတဲ့အခါ ကျွန်တော်အချိန်ဆွဲနေ၍ မဖြစ်တော့သည်မို့ ခုလိုခိုးလာကာ တောင်းပန်နေရခြင်း။ ပထမတော့ နေ့တိုင်းနီးပါး ပန်းချီသင်တန်းအကြောင်းပြကာ ခိုးလာဖြစ်သော်လည်း hyungသေးသေးလေးက မဟုတ်တာတွေစဉ်းစားကာ စိတ်ပူနေသည်မို့ နောက်ပိုင်း ရက်ခြားသာ လာဖြစ်တော့သည်။ hyungမာမီကတော့ ရောက်လာတိုင်းအိမ်ရှေ့မှာ ဒူးထောက်တောင်းပန်သည့်တိုင် ခုထိတွေ့ခွင့်မရခဲ့သေးပါ။ သူကိုယ်တိုင်နောက်ဆုတ်ခိုင်းခဲ့သည်ကို နားမထောင်ခဲ့တာမို့ တော်တော်လေး စိတ်နာသွားသည်ထင်ပါသည်။
အနားရောက်တော့ အိမ်မှာမာမီရှိမရှိ အရင်ကြည့်ရသေးသည်။ ဘယ်လိုပဲ သဘောတူပါသည်ဆိုပေမဲ့ သူ့သားဒူးထောက်နေတာကိုတော့ ကြည့်ရက်မှာမဟုတ်သည်မို့။
ခြံထဲဝင်လာတော့ ထုံးစံအတိုင်း ခြံစောင့်ဦးလေးကြီးက ဆီးကြိုသည်။
" လာပြီလားကလေး ဒီနေ့ အချိန်အခါမဟုတ် မိုးရွာမယ် ပြောထားတယ် စောစောပြန်နော်။ ဆောင်းတွင်းမှာ ရွာတဲ့မိုးက ဖျားတတ်တယ် "
Jungkookတို့ ငယ်ငယ်ကတည်းက အလုပ်လုပ်လာခဲ့သည်မို့ ရင်းနှီးပြီးသားဖြစ်တဲ့ ဦးလေးက စိတ်ပူစွာ ပြောလာသည်။ ပြုံးကာ ခေါင်းငြိမ့်ပြလိုက်ရင်း စိတ်ထဲရောက်လာသည်က hyungမနက်က ထီးမှယူသွားရဲ့လားမသိ။**********************************
ဒီအတွဲကြားက်ို ဝင်မပါချင်ပါဘူးဆိုကာမှ ကံတရားက တော်တော်လေး ရက်စက်လှပါသည်။ hyungမွေးနေ့အမီလေး စိတ်ချမ်းသာစေချင်လို့ပါဆိုသည့်စကားနှင့် အရှေ့ကအကောင်ပေါက်ကို လိမ်ထားခိုင်းကာ ဂရုပါစိုက်ခိုင်းထားသေးသည်။ ကိုယ့်ရည်းစားကိုယ် ဂရုစိုက်ရတယ်မရှိဘူး။ စိတ်တိုတိုနှင့်ပင် အရှေ့ကနေ မစားချင်စားချင် တို့စိတို့စိလုပ်နေသည့် အကောင်ပေါက်ကို ဝင်အောင် ကျွေးရဦးမည်။
YOU ARE READING
Love is hyung
FantasyJungkook - ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ အဓိပ္ပာယ်အများကြီး ဖွင့်စရာမလိုအပ်ဘူး။ hyung ဆိုတဲ့ ဖြစ်တည်မှုလေးတစ်ခုနဲ့တင် ရူးသွပ်ပစ်လိုက်ဖို့ လုံလောက်ခဲ့တယ်