ဒီဘက်ကုတင်ပေါ်မှာ စာအုပ်ဖတ်နေရင်း ဟိုဘက်
ကုတင်ပေါ်က နားကြပ်တပ်ကာ သီချင်းနားထောင်နေသည့် hyungကို လှမ်းလှမ်းကြည့်နေမိသည်။ ဒီနေ့
ဘာဖြစ်လ်ို့ရယ်မသ်ိ၊ မျက်နှာလေး မလန်းဘူးလားလို့။ ကျောင်းမှာများ တစ်ခုခုဖြစ်လာလို့လား၊ clubမှာ လေ့ကျင့်တာများ အဆင်မပြေလို့လား၊ လေ့ကျင့်တာများသွားလို့များ ပင်ပန်းနေတာလားဟူသော လားပေါင်းစုံဖြင့် စိတ်က လက်ထဲကစာအုပ်တွင်မရှိ။ညနေပြန်လာကတည်းက သူ့ကိုလည်းစကားသေချာမပြောသလို ညစာစားတုန်းကလည်း တိတ်တိတ်ဆိတ်ဆိတ်ရယ်။ Taetae hyungက်ိုမေးကြည့်တော့လည်း ဘာမှမဖြစ်ဘူး အဆင်ပြေသွားလိမ့်မယ်တဲ့။တွေးနေတုန်း ဖြတ်ကနဲလှမ်းကြည့်လာတာကြောင့် လူက ရုတ်တရတ် ဘာလုပ်ရမှန်းမသိ။ကျောင်းကပြန်လာကတည်းက ခုချိန်ထိ သူ့အရိပ်အခြေကို ကောင်ငယ်လေး လိုက်ကြည့်နေမှန်းသိပေမဲ့လည်း မမြင်ချင်ယောင်ဆောင်ထားမိသည်။ နေ့လည်က ကိစ္စပြီးကတည်းက နေ့လည်ခင်းတစ်ခုလုံးလဲ စာသင်ရတာ စိတ်မပါခဲ့၊ ကတုန်းကလည်း မလုပ်စဖူး အမှားတွေချည်းလုပ်နေမိခဲ့တဲ့ဟာက ခုချိန်ထိလည်း taehyungစကားက နားထဲကမထွက်။ ညစာစားတုန်းက သူကြိုက်တဲ့ဟင်းလေးတွေ
ထည့်ပေးကာ စကားပြောနေသည်ကိုလည်း ပြန်မပြောမိဘဲ အစားသာငုံ့စားမိသည်။ အနေခက်နေမှာသိပေမဲ့လည်း ခဏလျစ်လျူရှုထားမိသည်မှာ ကိုယ့်လိပ်ပြာ
ကိုယ်မလုံခြင်းကြောင့်။မျက်လုံးဝိုင်းဝိုင်းလေးတွေကို ရှောင်ဖယ်နေရတာ မတတ်နိုင်တော့သည့်အဆုံးတော့ နားကြပ်ဖြုတ်လိုက်ကာ"ပြောစရာရှိနေလို့လား"
"ဟို hyung ဒီနေ့ကျောင်းမှာ အားလုံးအဆင်ပြေတယ်မလား"
မပြေဘူး။
"ပြေသားပဲ ဘာလို့လဲ"
"ဟို ဘာမှမဟုတ်ပါဘူး ဒီတ်ိုင်းပဲ"
ဘာမှဆက်မပြောတော့ဘဲ ခေါင်းငုံ့နေတာကြောင့် နားကြပ်ပြန်တပ်မိတော့မှ
" ဟို jimin hyung"
" ကျစ် Jungkook ဘာဖြစ်နေတာလဲ တဟိုဟိုနဲ့ အရေးမကြီးရင် နောက်မှပြောလို့ရမလား ဒီမှာ welcomeအတွက် သီချင်းလေ့ကျင့်နေတယ်လေ"
" အာ ဟုတ် sorry hyung အာ့ဆိုဆက်
ကြည့်နော် ကျွန်တော်မနှောင့်ယှက်တော့ဘူး"
အော်လိုက်ဖို့ထိ မရည်ရွယ်ခဲ့ပေမဲ့ ကိုယ့်စိတ်ကို အစိုးရမနေတာကြောင့် အော်မိသွားခဲ့တာ။မျက်လုံးလေးပြူးကာ တောင်းပန်ရင်း ကျောပေးအိပ်သွားသည့် ကောင်ငယ်လေးကို စိတ်ထဲကသာ တောင်းပန်လိုက်မိတော့သည်။
YOU ARE READING
Love is hyung
FantasyJungkook - ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ အဓိပ္ပာယ်အများကြီး ဖွင့်စရာမလိုအပ်ဘူး။ hyung ဆိုတဲ့ ဖြစ်တည်မှုလေးတစ်ခုနဲ့တင် ရူးသွပ်ပစ်လိုက်ဖို့ လုံလောက်ခဲ့တယ်