25

1K 109 1
                                    

ခုဖြစ်နေသည့်ပုံစံကတော့ အခန်းထဲက Jungkook အိပ်ရာပေါ်တွင် နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်နေခြင်းပင်။ အဖြေပြန်ပေးပြီးမှ ရှက်လာသဖြင့် ကြောင်ကြည့်နေသောကောင်ငယ်လေးလက်ကိုဆွဲကာ ခန်းမထဲကထွက်ပြီး အခန်းဆီ ပြန်ပြေးလာခဲ့သည်။ ခေါ်တော့လည်း
ငြိမ်ငြိမ်လေးလိုက်လာပြီး ခုထိစကားတစ်ခွန်းမှမဟ။ အိပ်ရာပေါ်ထိုင်ခိုင်းတော့လည်း စကားနားထောင်
သည့်ကလေးလို ငြိမ်ငြ်ိမ်လေးထိုင်ပြီး သူ့ကိုသာ
လိုက်ကြည့်နေတာကြောင့် မျက်နှာချင်းဆိုင်သွားထိုင်
လိုက်ရင်း
               " ဘယ်အချိန်ထိ စကားမပြောဘဲ ကြည့်ပဲနေမှာလဲ Jeon Jungkook shi "
ပြောလိုက်တော့မှ သတိဝင်သွားသလို တစ်ချက်ရယ်ကာ
ပေါင်ပေါ်တင်ထားတဲ့ သူ့လက်နှစ်ဖက်ကို ဖွဖွလေး
ဆုပ်ကိုင်လာသည်။ ထိလိုက်ရင်ပဲ ကြေမွသွားတော့မဲ့အတိုင်း။
                 " မယုံကြည်နိုင်သေးလို့ပါ အိပ်မက်မက်နေတဲ့အတ်ိုင်းပဲ "
ပြောပြီး ပြုံးနေပြန်တဲ့ ကောင်ငယ်လေးကို ကြည့်ရင်း သူပါအပျော်တွေ ကူးစက်လာကာ လိုက်ရယ်မိသည်။ တကယ်ပါပဲ ဒီကလေးကတော့။
               " ဒါနဲ့ တကယ်ပဲ ဘယ်လိုဖြစ်တာလဲ မပြောမဆိုနဲ့ ညဘက်ကြီး ပျောက်သွားတာ။ ဒီနေ့ပြန်မလာရင် hyungလိုက်လာတော့မလို့ "
ဒီစကားကိုပြောတော့မှ ပြုံးနေတာရပ်သွားပြီ ကိုင်ထား
သည့်လက်တို့က အနည်းငယ် တင်းကြပ်လာသလိုပင်။
" kookie ? "
" အဲ့နေ့ညက hyungနောက်ကို လိုက်လာခဲ့တယ် Soohyung noonaနဲ့ ရှိနေတာလည်း တွေ့လိုက်တယ် "
သိသိသာသာ တိုးဝင်သွားသည့် အသံလေးကြောင့် စိတ်ကို ထိုနေ့ညက အဖြစ်အပျက်တွေဆီ အမြန်ပြန်ပို့ရသည်။ လိုက်လာခဲ့တယ်ဆိုတော့ soohyungနဲ့ သူ့က်ို
မြင်ပြီး Oh!
" အဲဒီတော့ hyungတို့ကိုမြင်ပြီး အထင်လွဲသွားတာနဲ့ အိမ်ကထွက်သွားခဲ့တာပေါ့ အဲ့လိုလား "
ခေါင်းငုံ့ပြီး တိတ်ဆိတ်စွာ ဝန်ခံနေတဲ့ ကောင်ငယ်လေး၊မျက်လုံးတို့ကလည်း ဆုပ်ကိုင်ထားသည့် လက်တ်ို့ဆီမှမရွေ့။ ရှေ့က ခေါင်းလုံးလုံးလေးကို တအားတွေ အသည်းယားလာတာကြောင့် ဆွဲဖွချင်သဖြင့် လက်ကိုရုန်းထွက်တော့ မလွှတ်ပေးဘဲ ပိုပြီး တင်းကြပ်စွာ
ဆုပ်ကိုင်ထားသည်။ မဟုတ်သေးပါဘူး။
" kookie? hyung ကိုကြည့် "
ပြောသည့်တိုင် မော့ကြည့်မလာတာကြောင့် ခေါင်းချင်းတိုက်ပေးလိုက်တော့မှ ကြည့်လာသည့် မျက်လုံး
နက်ပြာလေးတွေသည် မျက်ရည်တို့ဝိုင်းလျက်။
သဝန်တိုနေတဲ့ပုံလေးက ချစ်ဖို့ကောင်းလွန်းသဖြင့် စရန်ကြံစည်နေသည့် စိတ်တို့က ကောင်ငယ်လေးမျက်ရည်တို့ကိုမြင်လိုက်ရသည့်အခါ ရှင်းပြဖို့ကိုသာ
ဦးတည်ရတော့သည်။

Love is hyungOù les histoires vivent. Découvrez maintenant