ဒီနေ့တော့ Park Jiminတ်ို့ ထူးထူးဆန်းဆန်း ဘယ်သူမှမနှိုးရဘဲ အိပ်ရာကထလာသည်။ ထူးဆန်းမှာပေါ့ ဒီနေ့ကထူးခြားသည့်နေ့ပဲကို။ မွေးနေ့တိုင်း တစ်ခုမဟုတ်တစ်ခု surpriseလုပ်တတ်သော မာမီဆီကတော့ ဒီနှစ်မရနိုင်လို့ စိတ်မကောင်းဖြစ်မိပေမဲ့လည်း ကောင်ငယ်လေးရှိသည်မလား။ ဒီတိုင်းတောင် သူနှင့်ပတ်သက်ရင် သေချာဂရုတစိုက်ရှိလှသည်မို့ ချစ်သူတွေအနေနဲ့ ပထမဆုံးဖြတ်သန်းရမဲ့မွေးနေ့မှာ ဘာတွေများပြင်ဆင်ထားမလဲအရမ်းမျှော်လင့်နေပြီ။အခန်းထဲကထွက်လာတော့ ထုံးစံအတိုင်း မီးဖိုခန်းထဲတွင် မနက်စာပြင်ဆင်နေသော ကောင်ငယ်လေး။ နောက်ကျောဖက်ကနေ ခါးကိုသိုင်းဖက်လိုက်တော့
" Hyung? ထူးထူးဆန်းဆန်း စောစောနိုးလာပါလား ။ ကျွန်တော်တောင် မနက်စာ ပြင်လို့မပြီးသေးဘူး"စောရမယ်လေ။ ဒီနေ့အတွက် စိတ်တွေလှုပ်ရှားလွန်းလို့ ညကသေချာတောင် အိပ်ပျော်ခဲ့တာမဟုတ်။ ဘာတွေများပြင်ဆင်နေတာလဲလို့ကြည့်လိုက်တော့ ပန်ကိတ်?
မိယောဂုမဟုတ်ဘဲနဲ့လေ။" ဗိုက်ဆာနေပြီလား။ hyungဟိုနေ့ကစားချင်တယ်ပြောတဲ့ပန်ကိတ်လေး လုပ်ပေးထားတယ်။ hyungအကြိုက် စတော်ဘယ်ရီလေးရော၊ ဌက်ပျောသီးလေးရော။ ရတော့မယ် ခဏလေးနော် "
ဪ ငါစားချင်တယ်ပြောတဲ့ဟာ လုပ်ပေးတာနေမှာပေါ့။ ရပါတယ် မိယောဂုလည်း အဲ့လောက်ကြိုက်တာမဟုတ်လို့ ကိစ္စမရှိ။စားနေတဲ့တစ်လျှောက်လုံး အရင်လို လုပ်စရာရှိတာ ပုံမှန်အတိုင်းလုပ်ပေးနေသော်လည်း ဘာမှတော့ပြောမလာသေး။ တကယ်ဆို မနက်ကတည်းက birthday wishလုပ်ပေးရမှာမလား။ စောသေးလို့များလား။
" အဟမ်း kookie ဒီနေ့ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ "
"ဒီနေ့ ? ကျောင်းသွားရမယ်လေ hyung။ hyungတို့ဒီနေ့အတန်း အရေးမကြီးဘူးလား။ ကျွန်တော်က group projectရှိလို့ သွားမှရမယ် "မဟုတ်သေးပါဘူး။ မေ့များနေတာလား။ မဖြစ်နိုင်တာ၊ တခြားသူတော့မသိပေမဲ့ ဒီကလေးကတော့ မမေ့လောက်ပါဘူး။ ဒါမှမဟုတ် ကျောင်းမှာများ taehyungတို့နဲ့တစ်ခုခုစီစဉ်ထားလို့လား။ ဟုတ်မှာပါ အာ့ကြောင့် taehyungဆီကလည်း ခုထိဘာသံမှ မကြားရသေးတာ။

VOUS LISEZ
Love is hyung
FantasyJungkook - ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ အဓိပ္ပာယ်အများကြီး ဖွင့်စရာမလိုအပ်ဘူး။ hyung ဆိုတဲ့ ဖြစ်တည်မှုလေးတစ်ခုနဲ့တင် ရူးသွပ်ပစ်လိုက်ဖို့ လုံလောက်ခဲ့တယ်