32

908 85 0
                                    

တစ်နှစ်နေလို့ တစ်ခါတောင် ဖုန်းစမဆက်ဘူးသည့် ယုန်ပေါက်ဆီမှ ထူးထူးဆန်းဆန်း ဖုန်းဝင်လာတာကြောင့် ကိုင်လိုက်မိတော့ တွေ့လို့ရမလားတဲ့။ ဘူဆန်မှာ ရှိနေရမဲ့ ယုန်ပေါက်က ဘယ်တုန်းက ပြန်ရောက်လာလိုက်လည်းမသိ။ ချိန်းတဲ့နေရာကလည်း book cafeကို။ ဒီကောင် ဒီနေရာတစ်ခုပဲ သိတာလား။ဝင်သွားလိုက်တော​့
ထောင့်ကျကျ စားပွဲတွင် ထိုင်နေသော ယုန်ပေါက်။
ရုံးချိန်ပဲ ရှိသေးလို့လားမသိ လူက တစ်ယောက်
နှစ်ယောက်သာရှိသည်။ကောင်တာကို သွားကာ ကော်ဖီတစ်ခွက်မှာလိုက်တော့ လာနေကြမို့ ခင်နေပြီဖြစ်တဲ့ ဝန်ထမ်းတစ်ချို့က နှုတ်ဆက်ကြသည်။ Noonaကတော့ ဒီနေ့နားရက်မို့ ရှိမှာမဟုတ်။

               " မင်း ဘယ်တုန်းက ပြန်ရောက်လာတာလဲ။ ဒါမှမဟုတ် ခဏလာတာလား "

သူ့ရှေ့တည့်တည့်မှာ ဝင်ထိုင်နေတာတောင် မော့ကြည့်မလာတာမို့ မနေနိုင်သည့်အဆုံး စကားစလိုက်တော့မှ မော့ကြည့်လာသည့် မျက်ဝန်းတွေ။ တစ်ပုံစံထဲပါပဲ အရင်တစ်ခါ ဘူဆန်လိုက်ပို့ခိုင်းတုန်းက မျက်ဝန်းတွေနှင့်။အမှတ်မရှိသည့် နှလုံးသားကတော့ နောက်ကျ ကိုယ်ပဲကျန်ခဲ့ရမယ်ဆိုတာ သိနေတာတောင် စိုးရိမ်သွားမိသေးသည်။ ယုန်ပေါက်ရဲ့ အဲ့လိုမျက်ဝန်းတွေနဲ့ဆို သူတကယ်မဖြစ်ပါ။

              " ဘာဖြစ်လာတာလဲ "
              " ငါ jimin hyung မာမီိနဲ့ ခုပဲ တွေ့လာတာ။ အန်တီတို့ သိသွားကြပြီ ငါနဲ့ hyungအကြောင်း "

Flashback

ဘူဆန်ကပြန်လာပြီး တစ်ပတ်ကျော်သည်အထိ hyungသည် တမှိုင်မှိုင်နှင့်သာ။ အရင်ကဆို အပြင်ထွက်လည်ချင်လွန်းသည့် hyungက ခုတော့ အပြင်ခေါ်လို့လည်းမရ။ ကြိုက်တတ်တာလေးတွေ ချက်ကျွေးကာ ပျော်အောင် အမျိုးမျိုး ကြိုးစားသော်လည်း ခဏတဖြုတ်သာ။ ဘာကိစ္စမှန်းလည်း မေးမရသည်မို့ မနေနိုင်သည့် အဆုံး taetae hyungကိုသာ အပူကပ်ရတော့သည်။ ကျွန်တော့်ကို ပြောမပြနိုင်ရင်တောင် taetae hyungကတော့ အရင်းနှီးဆုံး သူငယ်ချင်းမို့ ပြောပြလောက်ပါသည်။သူငယ်ချင်းနှစ်ယောက် အေးဆေးစကားပြောနိုင်အောင် hobi hyungနဲ့အတူ ရှောင်ပေးနေရင်း ဖုန်းဝင်လာသည်က hyungမာမီဆီမှ။ seoul ကို ရောက်နေပြီး တွေ့ကြရအောင် ပြောလာသည်မို့ hyungပြသနာကို ကူဖြေရှင်းနိုင်မလားရယ်လို့ သွားတွေ့မိခဲ့တာ။

Love is hyungNơi câu chuyện tồn tại. Hãy khám phá bây giờ