5

1.2K 116 0
                                    

လူရှုပ်သည့်နေရာများသို့ သွားရသည်ကို မကြိုက်သော Jungkookတစ်ယောက် ယနေ့တော့ မာမီနှင့်အတူ စျေးသို့သွားရန် တက်ကြွစွာ ပြင်ဆင်နေမိသည်။ အကြောင်းမှာ အိမ်သို့ jimin hyung လာနေမည်ဖြစ်သောကြောင့်ပင်။ယနေ့ညနေမှစ၍ hyung၏ မိဘများသည်  တခြားမြို့မှ hyung အစ်ကိုဝမ်းကွဲ မင်္ဂလာဆောင်သို့ နှစ်ညအိပ်သုံးရက်ခရီး သွားမည်ဖြစ်သည်။ အထက်တန်းနောက်ဆုံးနှစ်ဖြစ်သောhyungအား ကျောင်းပျက်မည်စိုးသဖြင့် jungkookတို့အိမ်တွင် နေခဲ့ခိုင်းခြင်းပင်။

ခရီးသွားရသည်ကို ကြိုက်သောhyungက နေခဲ့ရသည်ကို မကျေနပ်သော်လည်း jungkookကတော့ အပျော်ကြီးပျော်နေမိသည်။ hyungနှင့် တူတူမအိပ်ရသည်မှာ ကြာလှပြီမဟုတ်လား။ ငယ်ငယ်တုန်းကတော့ hyungက သူ့အိမ်တွင် ညတိုင်းလိုလို အတူတူလာအိပ်လေ့ရှိသော်လည်း နောက်ပိုင်း အတန်းကြီးလာသောအခါ လာမအိပ်တော့။ ဒီအခြေအနေကို အသုံးချပြီး hyungနှင့် အရင်လိုပြန်ရင်းနှီးအောင် ကြိုးစားရမည်။ အတွေးနှင့်ပင် Jungkookတစ်ယောက် ပျော်နေမိတော့သည်။

ညနေ၌

jimin mom - " jimin သား လိမ်လိမ်မာမာနေနော် မနက်ကျလည်း အန်တီတို့ နိုးမနေရစေနဲ့ ကြားလား"

jk mom -  " တခြားသူတွေမှမဟုတ်တာ ကလေးကို ပြောနေစရာလား jiminလေး အရင်လို လာမလည်လို့တောင် အန်တီက လွမ်းနေတာ"

jimin mom - " အာ့ဆို ဒုက္ခပေးခဲ့ဦးမယ်နော် သုံးရက်
လောက်တော့"

jk mom - " စိတ်ချသာသွားပါ "

        " jimin သားလေး လွတ်လွတ်လပ်လပ်နေနော် တခြားသူတွေမှမဟုတ်တာ"

        " ဟုတ်ကဲ့ အန်တီ "

" အခန်းထဲ သွားနားနေလိုက်ဦး အန်တီ ညစာအဆင်သင့်ဖြစ်ရင် ခေါ်လိုက်မယ်"

အပေါ်ထပ်တက်လာသည့် ကျွန်တော့်နောက်ကနေ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လိုက်လာသည့် hyung ၊ hyungအနေများ ခက်နေတာလား။

" hyung အခန်းထဲ နားနေလိုက်ဦး ကျွန်တော်မာမီ့ကို သွားကူလိုက်ဦးမယ်နော် "

" ဪ အေး "

Jungkook ထွက်သွားတော့မှ
" ရား ငါကဘာလို့ နေရတာ တစ်မျိုးကြီးဖြစ်နေပါလိမ့် တစ်ခါမှမရောက်ဖူးတဲ့ အခန်းလည်းမဟုတ်တာကို"

Love is hyungDonde viven las historias. Descúbrelo ahora