ထုံးစံအတိုင်း စက်ဘီးထားတဲ့နေရာမှာပဲ hyungကိုစောင့်နေမိသည်။ မကြာ ကျောင်းဆင်း၍ တော်တော်များများထွက်လာကြသော်လည်း hyungပါမလာသေး။ အနည်းငယ်စိုးရိမ်လာ၍ အထဲဝင်ကြည့်ရမလားဆိုသည့်စ်ိတ်ဖြင့် ခြေလှမ်းစမည်ကြံကာမှ လှမ်းမြင်ရသော hyung၊ နားကြပ်တပ်ထားပြီး မျက်လုံးများက ဖုန်းကနေမခွာဘဲ လှုပ်စိလှုပ်စိနဲ့ လျှောက်လာ၏။ အနားရောက်လာသော်လည်း အာရုံမရဘဲ ဆက်လျှောက်သွားသောကြောင့် ပုခုံးကနေ လှမ်းဆွဲကာ ခေါ်ယူရ၏။
" Jimin hyung"
" ဪ အင်း jungkook သွားမယ်လေ"
တစ်ချက်ပဲ မော့ကြည့်ပြီးနောက် ဖုန်းကိုပဲ ပြန်အာရုံစိုက်ကာ စက်ဘီးဆီပြန်သွားလေသည်။စက်ဘီးပေါ်ထိုင်သည်အထိ ဖုန်းကနေ မျက်လုံးကမခွာ၊ သူကြိုက်တဲ့ idolတွေဟာ ကြည့်နေပြန်ပြီထင်။
" hyung ဖုန်းကြည့်နေပြီး စက်ဘီးကို ဘယ်လိုကိုင်ထားမလို့လဲ"ကြားသည့်ပုံမပေါ်တာကြောင့် နားကြပ်တစ်ဖက်ကို ဖြုတ်လိုက်တော့မှ
" အာ ဘာလဲ jungkook ya ဒီမှာကြည့်နေတာကို"" ဘာတွေအရေးကြီးနေတာလဲ အိမ်ရောက်မှကြည့်လေ hyungရဲ့ လမ်းမှာ အန္တရာယ်များတယ်"
" မနက်ကတည်းက တက်လာတဲ့ showကို မကြည့်ရသေးလ်ို့ အိမ်ရောက်တဲ့ထိမစောင့်နိုင်တော့ဘူး အန္တရာယ်မများပါဘူး ဒီလိုကိုင်ထားလိုက်မယ်လေ"
ပြောပြောဆိုဆို နားကြပ်ကိုပြန်တပ်ပြီး ခါးဆီသို့ ဖက်တွယ်လာသော လက်ကလေးတစ်ဖက်၊ ထပ်ပြောရန်ပြင်နေသော စကားတို့က လည်ချောင်းထဲမှာပင် ပျောက်ရှကုန်၏။
' hyung ကတော့လေ ရူးအောင်လာလုပ်နေတာပဲ' ။ထပ်မပြောတော့ဘဲ စက်ဘီးကိုသာ စနင်းလိုက်ရင်း ခါးပေါ်ကလက်ကလေးအား ဆွဲယူကာ ပို၍မြဲမြံစေလိုက်သည်။ hyungကတော့ ဖုန်းထဲအာရုံရောက်နေလို့ထင် ဘာမှပြောမလာခဲ့။ဒီနေ့မှ အိမ်ပြန်လမ်းတွေက အရင်ကထက်ပိုပြီး လှနေသယောင်။
အိမ်ရှေ့ရောက်သည်နှင့် စက်ဘီးပေါ်ကဆင်းကာ ဖုန်းအကြည့်မပျက်ဘဲ အိမ်ထဲသို့ အရင်ဝင်သွားပြန်သော hyung။
' အဲ့ show ကဘယ်လောက်တောင်ကြာမှာပါလိမ့် '

YOU ARE READING
Love is hyung
FantasyJungkook - ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ အဓိပ္ပာယ်အများကြီး ဖွင့်စရာမလိုအပ်ဘူး။ hyung ဆိုတဲ့ ဖြစ်တည်မှုလေးတစ်ခုနဲ့တင် ရူးသွပ်ပစ်လိုက်ဖို့ လုံလောက်ခဲ့တယ်