29

1K 105 2
                                    

စာမေးပွဲပြီးသည်နှင့် ကျောင်းပိတ်သည့် နှစ်လလုံး seoulမှာကဲရန် စဉ်းစားထားသော်လည်း မာမီတို့က အတင်းပြန်ခေါ်နေတာကြောင့်ရော၊ ကောင်ငယ်လေးကလည်း သူ့မာမီဆီပြန်ချင်ပါသည်ဟု ဆိုလာတာကြောင့်
ဘူဆန်ကိုသာ ပြန်လာခဲ့ရသည်။မာမီတို့ကလည်း အရင်ကလည်းဒီလိုပဲ နေနေကြကို ခုမှဘာလို့အတင်းတွေ ပြန်ခေါ်နေမှန်းမသိ။ဟိုမှာက ဘယ်လိုပဲ အိမ်ချင်း
ကပ်ရက်ဖြစ်ဖြစ် ဒီမှာလို လွတ်လပ်မှာမှ မဟုတ်တာ။

             " hyungကလည်း နှုတ်ခမ်းကြီးစူမထားပါနဲ့ ကျွန်တော်လည်း မာမီ့အခြေအနေပြန်ကြည့်ချင်လို့ပါ
မာမီက ဟိုမှာ တစ်ယောက်တည်းနေရတာလေ "
ဟိုတစ်ခေါက်က ကိုယ့်အပူနဲ့ကိုယ်မို့ မာမီ့အခြေအနေတောင် မမေးအားခဲ့ပါ။

            " ငါက အဲ့လိုပြောနေတာမှ မဟုတ်တာ မင်းပြောမှ ငါက မင်းတို့သားအမိကိုခွဲနေတဲ့ လူဆိုးကြီးကျရော"
            "ဟုတ်ပါပြီ hyungပြောချင်တာ ကျွန်တော်သိပါတယ်။ နှစ်လလေးပဲလေနော်။ ကျွန်တော် hyungအိမ်
နေ့တိုင်းလာမယ်လေ။ ဒါမှမဟုတ် hyung ကျွန်တော့်
အိမ်လာလည်း ရတာပဲကို"
          " နောက်နှစ်ကျ hyungက နောက်ဆုံးနှစ်မို့ ဒီမှာနေရမယ်မလား။ အဲ့ကျ ကျွန်တော်လည်း taetae hyungလိုမျိုး မပြန်ဘဲ နေမယ်ဆို ခုပြန်ထားမှ ရမယ်လေ နော် "

သိပ်တော့မကျေနပ်သေးပေမဲ့လည်း ကောင်ငယ်လေးက နောက်နှစ်အတွက်ပါ စဉ်းစားပေးထားသည်မို့ လက်ခံလိုက်ရတော့သည်။

အရင်တစ်ခေါက်နှင့်မတူဘဲ ပြုံးရွှင်စွာ ပြန်လာသည့် သားဖြစ်သူကြောင့် သူမလည်း ခုမှ စိတ်အေးသွားရသည်။
" မာမီပေးတဲ့ အကြံဉာဏ်နဲ့ အဆင်ပြေသွား
တယ်ပေါ့ ဟုတ်လား"
" ဟုတ် မာမီ "
သားအမိချင်းတောင် ပြုံးခဲလှသည့်သားက ယုန်သွားလေးတွေပေါ်အောင်ပင် ရယ်ရင်း ဖြစ်ပျက်ခဲ့ပုံတွေကို ပြောပြနေတာကြောင့် သူမအနေနှင့် နောက်ပိုင်းကိစ္စတွေအတွက် ကြိုတင်ပြင်ဆင်ထားရပါတော့မည်။

မာမီနဲ့  စကားပြောပြီးတာနှင့် အပေါ်ကိုတက်လာကာ စိတ်ကောက်မပြေချင်သေးတဲ့ ဟိုဘက်အိမ်က hyungသေးသေးလေးကို ဖုန်းဆက်ချော့ရပါဦးမည်။
         " ဘာလဲ "
ဖုန်းဝင်သွားသည်နှင့် ဆူအောင့်အောင့်ထွက်လာသည့် အသံလေးက စိတ်ဆိုးမပြေသေးဘူးဆိုတာကို ဖော်ပြသည်။
       " hyung ဘာလုပ်နေလဲ "
        " ဘာလုပ်လုပ်ပေါ့ "
       " hyung ကလည်း စိတ်မဆိုးပါနဲ့တော့ မနက်ဖြန် hyungဆီ လာခဲ့မယ်လေနော် ခုတော့ ပြတင်းပေါက်လေးဖွင့်ပါဦး မျက်နှာလေးတွေ့ချင်လို့ "

Love is hyungTempat cerita menjadi hidup. Temukan sekarang