36

997 93 2
                                    

ထိုကိစ္စပြီးကတည်းက ကောင်ငယ်လေးသည် သူပြောခဲ့သည့်အတ်ိုင်း အလုပ်ဖြင့် သက်သေပြခဲ့ပါသည်။
အရင်ကထက်ပိုပြီး အသေးအဖွဲလေးကစ ဂရုစိုက်ပေးခဲ့သည်။ ပိုပြီး ချစ်မြတ်န်ိုးပေးခဲ့သည်။ ဆိုးသမျှ ရစ်သမျှကို တစ်ချက်မငြူစူဘဲ အရိပ်တကြည့်ကြည့်နှင့် ပျော်ရွှင်အောင် ထားပေးခဲ့ပါသည်။ နှစ်ယောက်သား သေချာဆုံးဖြတ်ပြီးပြီမို​့ မာမီ့ဆီသွားခဲ့သော်လည်း မာမီသည် အတွေ့ပင်မခံခဲ့ပါ။ Jungkook မာမီကတော့ သူလည်း ဖြောင်းဖြကြည့်ပါဦးမည်ဆိုကာ နှစ်ယောက်စလုံး ပျော်ရွှင်ဖို့သာ အားပေးခဲ့ပါသည်။ ဒါကိုပင် ကောင်ငယ်လေးကတော့ တစ်ခါတလေ သူ့အား အားနာတတ်သေးသည်။
             " kookie! အဲ့ကိစ္စ hyungတို့ပြောပြီးသားကို "
             " သိပါတယ် hyungကို ရွေးချယ်ဖို့ပြောနေတာမဟုတ်ပါဘူး။ ဒီတိုင်း hyungအရမ်းတက်ချင်ခဲ့တဲ့ အတန်းမို့ပါ။ အဲ့နေ့က တက်ခွင့်ရတော့မယ်ဆိုပြီး အရမ်းပျော်နေခဲ့တဲ့ hyungမျက်နှာလေးကို မေ့မရဘူး "
           " အဲ့တုန်းကမျက်နှာနဲ့ ခုမျက်နှာနဲ့ ဘယ်ဟာပိုပျော်နေလဲပြော။ ဒီက hyungကောင်လေးက အရမ်းတွေချစ်ပေးနေတာမို့ ခုအပျော်ဆုံး ဖြစ်နေတာပါနော်။ တက်ချင်ခဲ့တာဆိုပေမဲ့ အဲ့ဒါမတက်ဘဲနဲ့လည်း ငါဖြစ်ချင်တာဖြစ်အောင် လုပ်နိုင်ပါတယ်။ သိတယ်မလား မင်းhyungက အရမ်းတော်တာကို "
          " သိတာပေါ့။ ကျွန်တော့်hyungလေးက အတော်ဆုံးပဲ။ ဒီထက်ပိုပြီးလည်း ချစ်ပေးဦးမှာမို့ hyungက ပျော်ပျော်သာနေပေးပါ "
        " အာ့ဆို အားနာတယ်ဆိုတဲ့စကား ထပ်မပြောနဲ့တော့။တကယ်ဆ်ို ငါကတောင် အားနာရဦးမှာ။ အန်တီက ငါ့အတွက်ပါ ထောက်ပံ့နေရတာမလား "
မာမီသည် ဖုန်းလည်းမကိုင်၊ အတွေ့လည်းမခံဘဲ အဆက်အသွယ်တွေလုံးဝဖြတ်ထားကာ သူ့အတွက် မုန့်ဖ်ိုးပင် မပို့တော့ပါ ။ ဒါကြောင့် နှစ်ယောက်တိုင်ပင်ကာ အချိန်ပိုင်းအလုပ် လုပ်မည်ဆိုသော်လည်း အန်တီသည် ခွင့်မပြုခဲ့။ သူထောက်ပံ့နိုင်ပါသည်ဟုဆိုကာ စိတ်ပင်ဆိုးခဲ့သေးတာကြောင့် နောက်မပြောရဲတော့ပါ။ကျောင်းမတက်ရသေးသည့် တစ်လကိုပင် နှစ်ယောက်စလုံး ဝါသနာပါသည့်သင်တန်းတွေသာ တက်ခိုင်းထားသည်။

         " အားမနာပါနဲ့။ မာမီက hyungကို ကျွန်တော်ထက်တောင်ပိုချစ်သေးတာ။ ဒီလိုပြောတာကြားရင် စိတ်မကောင်းဖြစ်လိမ့်မယ်။ နောက်ကျ ကျွန်တော်​က ကြိုးစားပြီး hyungကိုရော၊ မာမီကိုရော ဒီထက်ပိုပြီး ပျော်ရွှင်အောင်ထားမှာမို့။ hyungမာမီခွင့်ပြုလာအောင်လည်း ကြိုးစားပါ့မယ် "
အန်တီအကြောင်းပြောလိုက်သည်နှင့် အနည်းငယ် မျက်နှာလေးငြိုးသွားသည့် hyungကိုကြည့်ကာ သူတကယ်စိတ်မကောင်းဖြစ်ရပါသည်။ ဘယ်လောက်ပဲ ရန်ုဖြစ်ခဲ့ပါစေ သားအမိတွေမို့။ သူ့ကိုရွေးချယ်ပေးသည်ကြောင့်လည်း ပိုမြတ်နိုးကာ တန်ဖိုးထားရပါသည်။

Love is hyungWhere stories live. Discover now