16

1.1K 103 0
                                    

ကျောင်းကနေ အိမ်ပြန်လာတဲ့ လမ်းတစ်လျှောက် အသွားတုန်းကနဲ့မတူ၊ တိတ်ဆိတ်လို့နေသည်။ Taetae hyung က hobi hyungနှင့် ကျောင်းပိတ်ရက် မတွေ့ရတာကြာပြီဆိုကာ dateဖို့ထွက်သွားတာကြောင့် ကျွန်တော်တို့
နှစ်ယောက်သာ။ ခုနကတည်းက ငြိမ်နေသော hyungကြောင်​့ နေရသည်မှာ အဆင်မပြေတော့။ ဒီလိုအခြေအနေကြီးကို မကြိုက်တာကြောင့် ကိုယ်ကပဲ စကားစလိုက်မိသည်။
" Hyung Jimin Hyung ! "
ခပ်ကျယ်ကျယ်ခေါ်လိုက်ကာမှ အသိဝင်လာသလို မျက်လုံးလေးပြူးကာ မော့ကြည့်လာသည်။
" ဟမ် Jungkook ဘာလို့လဲ "
" စျေးဝင်ဝယ်သွားကြမလားလို့ နောက်နေ့တွေအတွက် အိမ်မှာ ဘာမှသိပ်မရှိဘူးလေ"
       " တကယ်ချက်စားမလို့လား ကျောင်းတက်နေရပြီဆိုတော့ နောက်ဆို ကိုယ့်အချိန်တွေနဲ့ကိုယ် ဖြစ်နေတော့မှာလေ ပင်ပန်းမှာပေါ့  အပြင်ကပဲ ဝယ်စားကြမယ်လေ"
      " Hyung အရင်နှစ်တွေက အဲ့လိုတွေပဲ စားနေတာမလား ခုကျွန်တော်ရောက်လာပြီဆိုတော​့ မရပါဘူး
အပြင်စာတွေက အမြဲဘယ်ကောင်းမလဲ hyungရဲ့ ပြီးတော့နေ့လည်စာလည်း ကန်တင်းမှာပဲ စားတာပဲကို မနက်စာနဲ့ ညစာပြင်တာလောက်ကတော့ မပင်ပန်းပါဘူး ကျွန်တော်အိမ်မှာလည်း မာမီမအားရင် ချက်နေကြပဲကို"
       " အင်း သဘောပါ အာ့ဆိုလည်း hyungက
ပင်ပန်းနေမှာဆိုးလို့"
ခု hyung က ကျွန်တော့်အတွက် တွေးပေးနေတာတဲ့လား။
Hyung ဘာရယ်မဟုတ် ပြောလိုက်တဲ့ စကားလေးတစ်ခွန်းကလည်း ကျွန်တော့်ကို ကြည်နူးစေပြန်တယ်။
        " ပင်ပန်းတဲ့နေ့ကျ မလုပ်ဘဲနေမှာပေါ့ hyungရဲ့ နော် တစ်ခါထဲ ဝင်ဝယ်ကြရအောင်ပါ ခုည hyungကြိုက်တဲ့ cream pasta လုပ်ကျွေးမယ်လေ မစားဘူးလား"
" Cream pasta ? အဟမ်း မင်းကလုပ်ချင်နေ
တယ်ဆိုတော့လည်း " တဲ့။ စိတ်ကြည်သွားပုံပေါ်
သည့်hyungက ခုတော့လည်း စျေးမဝယ်ချင်တာ
သူမဟုတ်သလ်ို ရှေ့ကနေ လျှောက်သွားလိုက်တာကို။
Hyungအကြောင်းကို ကျွန်တော်က hyungကိုယ်တိုင်ထက် ပိုသိပါတယ် hyungရာ။

TV ကိုသာ လိုင်းတစ်လိုင်းပြီးတစ်လိုင်းပြောင်းရင်း ထိုကလေး ချက်တာကို ထိုင်စောင့်နေရသည်။ နေ့လည်က ကန်တင်းမှာ ဘာက်ိုစိတ်အဆင်မပြေမှန်းမသိသော်လည်း စားချင်စိတ်မရှိသည်မို့ သေချာစားမလာမိခြင်းကြောင့် တော်တော်ဆာနေပြီဖြစ်သည်။ ဗိုက်ဆာလှပြီမို့ နောက်မှချက်ပြီး ခုဝယ်စားကြပါမယ်ဆိုတာကိုလည်းမဟုတ်၊ ကူပါ့မယ်ဆိုတာကို မီးဖိုချောင်ထဲ မဝင်ခိုင်းတော့လည်း မဝင်ရုံပေါ့။
အေ့လေ ကူမယ်ဆိုတာ ပြောသာကြည့်တာ၊ တကယ်
လုပ်ခိုင်းရင်လည်း ဘာမှမလုပ်တတ်။ အစားကောင်းကြိုက်တာမှန်ပေမဲ့ jiminတို့ကတော့ ချက်စားဖို့ထက် ဝယ်စားဖို့သာ အားသန်သည်။ထိုကောင်လေးကတော့ သူနဲ့မတူစွာ ကျွမ်းကျွမ်းကျင်ကျင်ချက်နေလိုက်တာ။ ဒီနှစ်နှစ်လောက်အတွင်း ဘယ်ကမှန်းမသိ ရှည်ထွက်လာသောအရပ်ကြီးနှင့် အားကစားမလုပ်သော်လည်း
ပုံမှန်ယောကျ်ားလေးတစ်ယောက်ရှိသင့်သည့် ခန္ဓာကိုယ်
နှင့် ထိုကောင်လေးက အေပရွန်ဝတ်ပြီး ကျွမ်းကျင်စွာ ချက်ပြုတ်နေသည်မှာ ဘာမှထူးဆန်းသည့်မြင်ကွင်းမဟုတ်သော်လည်း ကြည့်မိနေပြန်သည်။ ဘယ်တုန်းက ဒီလိုအရွယ်ရောက်လာခဲ့တာပါလိမ့်။ အရင်နှစ် ကျောင်းပိတ်ရက်ပြန်တုန်းကတောင် သူ့အားအတင်း
ဖက်ပြီး ငိုခဲ့သေးသည့် ကောင်ငယ်လေးမဟုတ်လား။ကျောင်းကပြန်တုန်းကလည်း သူ့မျက်နှာအရိပ်အကဲ
လိုက်ကြည့်နေသေးသည်။ မသိတာမဟုတ်ပေမဲ့ ကိုယ်ကလည်း ဘာမှန်းမသိ စိတ်မကြည်ဖြစ်နေတာမို့ မသိသလိုနေနေခဲ့ခြင်းသာ။ ရလဒ်ကတော့ ခုလို cream pastaလုပ်ပေးနေခြင်းပင်။ မင်းကအကြီးလား ငါကအကြီးလားလဲ မသိတော့ပါဘူး Jeon Jungkookရယ်။

TVရှေ့ ဆိုဖာပေါ်ထိုင်ပြီး သေချာကြည့်တာလည်း
မဟုတ်ဘဲ တစ်လိုင်းပြီးတစ်လိုင်းပြောင်းကာ သူ့ဘက် လှည့်လှည့်ကြည့်နေသည့် hyung က ဗိုက်တော်တော်ဆာနေပြီလားမသိသည်မို့ မြန်မြန်သာ လက်စသတ်လိုက်ရင်း
" Hyung စားလို့ရပြီ "
ခေါ်လိုက်သည်နှင့် လှစ်ခနဲ ပြေးထွက်လာသည့်hyungကြောင့် ရယ်မိလိုက်သေးသည်။
' ချစ်ဖို့ကောင်းလိုက်တာ '
" စားလို့ကောင်းလား hyung "
အစားမပြတ်ဘဲ လက်မလေးထောင်ပြကာ မျက်လုံးလေးတွေ ပိတ်သွားအောင် ရယ်ပြနေသည့် hyung က
အပြစ်ကင်းစင်လွန်းသည်။ ဖြူစင်လွန်းလှသည့် hyungက သူ့အပေါ်ထားတဲ့ စိတ်ကိုများသိသွားခဲ့ရင် ခုလိုရယ်ပြနေပါဦးမလား။ ကန်တင်းမှာ Mingyu မေးတုန်းက
ငြင်းပယ်ခြင်းမပြုဘဲ ငြိမ်နေခဲ့တဲ့ hyungရဲ့ အကြည့်တွေ၊ အတန်းထဲက ကောင်မလေးတွေရဲ့စကားသံတွေကို ပြန်ကြားယောင်လာမိတော့ လူကအဆင်မပြေပြန်။ Hyungချီးကျူးခဲ့ဖူးတဲ့ တစ်ဦးထဲသော သူငယ်ချင်းမလေးအပေါ်  hyung စိတ်ရှိနေခဲ့ပြီလား။ ကျွန်တော့်မှာရော အခွင့်အရေး ရှိနိုင်ဦးမလား hyung။

ထိုညက Seoulမြို့ရဲ့ တိုက်ခန်းတစ်ခန်းထဲရှိ အခန်းထဲက ကပ်ရက်ကုတင်နှစ်လုံးပေါ်တွင် တစ်ယောက်ကို
တစ်ယောက် ကျောခိုင်းအိပ်ရင်း အိပ်မပျော်နိုင်ကြသေးဘဲ ခံစားချက်ကိုယ်စီကို အဖြေရှာနေခဲ့တဲ့ ကောင်လေး
နှစ်ယောက် ရှိနေခဲ့ပါတယ်တဲ့။

Love is hyungDonde viven las historias. Descúbrelo ahora