31

936 95 2
                                    

အိမ်ပြန်ရောက်တာနှင့် အိပ်တော့မယ်ဆိုပြီး အခန်းထဲတန်းဝင်သွားသည့် hyungကြောင့် တစ်လလောက် လူမရှိထားခဲ့သည့် အခန်းကို တိတ်တဆိတ် သန့်ရှင်းရေးလုပ်ရတော့သည်။ရုတ်တရတ် အစီအစဉ်မရှိဘဲ ပြန်ဖြစ်ခဲ့သော်လည်း မာမီသည် ဘာမှမပြောခဲ့၊ hyungကို
ဂရုစိုက်လိုက်ဖို့သာ မှာခဲ့သည်။ hyungမာမီကတော့
အပြန် ထွက်ပင်မတွေ့ခဲ့တာကြောင့် ဒီတစ်ခေါက်
ရန်ဖြစ်သည်မှာ ကိစ္စနည်းနည်းကြီးသည်ထင်။ hyungကို နောက်မှ ချော့မော့ကာ မေးရပါဦးမည်။

ကောင်ငယ်လေးမေးလာမည့်မေးခွန်းတွေကို
မဖြေချင်သေးတာကြောင့် အခန်းထဲသာ ဝင်အိပ်နေ
လိုက်သည်။ ကားပေါ်မှာကတည်းက မမေးသော်လည်း စိုးရိမ်နေသည့် မျက်လုံးလေးတွေနဲ့ တောက်လျှောက်ကြည့်နေခဲ့တာကြောင့် ထိန်းချုပ်ထားခဲ့ရသည့် စိတ်တို့ကို လွှတ်ချမိတော့ မျက်ရည်တို့က အလုအယက်လိမ့်ဆင်းလာသည်။ သူဘယ်လောက်ထိ အဲ့မျက်လုံးလေးတွေကို ရှောင်နေနိုင်မှာတဲ့လဲ။ တကယ်တမ်းမေးလာခဲ့ရင်တောင် အမှန်အတိုင်းပြောဖို့တော့ စိတ်ကူးမရှိပါ။ စိတ်ညစ်ရုံကလွဲ ဘာများလုပ်ပေးနိုင်မှာမို့လို့လဲ။ ဒီလိုတွေ ရင်ဆိုင်ရဖို့အတွက် ငယ်လွန်းပါသေးသည်။ ကောင်ငယ်လေးစိတ်နဲ့ဆို သူကောင်းဖို့ကိုပဲ  ဦးစားပေးစွန့်လွှတ်မှာသိနေတာကြောင့် သူ့ဘာသူရအောင် ဖြေရှင်းရပါမည်။ အရင်က ဆံပင်ဆိုးချင်တုန်းကလို၊  အကကချင်တုန်းကလိုမျိုး အစာငတ်ခံပြီးပဲဖြစ်ဖြစ် ဆန္ဒပြလို့ရရင် သိပ်ကောင်းမှာပဲ။

ညစာစားဖို့ ချက်ပြုတ်ပြီးသည်အထိ အခန်းထဲကနေ ထွက်မလာသေးတာကြောင့် ဝင်ကြည့်မိတော့
ကုတင်ပေါ်တွင် ခွေခွေလေး အိပ်နေဆဲ။ ခရီးပန်းလာလို့များလား။ မျက်ခွံလေးတွေ ရဲနေတာမို့ ငိုထားသေး
သည်ထင်။ ဘာတွေများ ဖြစ်နေတာလဲ hyungရယ်။
" hyung ၊ jimin hyung ခဏထပြီး ညစာစားဦးလေနော် ဒီတိုင်းဆက်အိပ်နေရင် ဗိုက်အောင့်နေလိမ့်မယ်"
" အင်း.... ဗိုက်မဆာဘူး "
" နည်းနည်းလေးတော့ စားလိုက်ပါ ခရီးပန်းလာတာနဲ့ အစာမရှိရင် နေမကောင်းဖြစ်နေမှာစိုးလို့ "
ပြောနေတာကို ထမလာဘဲ ကုတင်ပေါ်တစောင်းထိုင်နေသည့် သူ့ပေါင်ပေါ် ခေါင်းအုံးကာ ခါးကို ဖက်တွယ်လာ
သည်။
" kookie hyungကို ချစ်လား "
               " hyung သေးသေးလေးကတော့ ချွဲနေပြန်ပါပြီ ချစ်တာပေါ့ "
               " ငါက သေးသေးလေး မဟုတ်ပါဘူး "
                " ဟုတ်ပါတယ် "
                " Jungkook ! "
ခုမှ စိတ်တိုသွားပုံရကာ ထထိုင်လာသည့် hyung ။တကယ်ကို မျက်ခမ်းစပ်လေးတွေပင် ရဲနေတာကြောင့်
                " ဘာတွေဖြစ်ခဲ့လို့လဲဟင် ကျွန်တော့်ကို ပြောမပြချင်ဘူးလား "
စကားပြန်မရဘဲ လက်လေးနှစ်ဖက်ကိုသာ ဖိပွတ်နေပြန်သည်။
              " အင်းပါ မမေးတော့ဘူးနော် hyung ပြောချင်လာမှပြော မပွတ်နဲ့တော့လေ နာကုန်ဦးမယ် "
              " ခုတော့ ထမင်းစားရအောင် အစာငတ်ခံ ဆန္ဒပြတာက ကျွန်တော်နဲ့ မရဘူးနော်။ "
ထိုနေ့ညက ကျွန်တော့်ထက် နှစ်နှစ်ကြီးပါသည်ဆိုတဲ့ hyung သေးသေးလေးကို အတင်းချော့မော့ကာ ထမင်းခွံ့ကျွေးခဲ့ရပါသည်။

Love is hyungWhere stories live. Discover now