ဒီနေ့တော့ ထမင်းစားမဆင်းခင် တစ်ချိန်က အတန်း
ဖျက်လိုက်သဖြင့် အတန်းပြီးသည်နှင့် ကန်တင်းသို့
အမြန်ပြေးရန် တာဆူနေမိသည်။ အကြောင်းမှာ ဗိုက်ဆာနေ၍မဟုတ်၊ ချစ်လှစွာသော hyung ကြောင့်ပင်။ ကျောင်းတက်တာ တစ်လနီးပါးလောက်ရှိပြီမို့ အတန်းချိန်တွေ ဆက်လာပြီး သူ့အတန်း ကိုယ့်အတန်း အချိန်တွေမတူ၍ ကျောင်းတွင်hyung နှင့် သိပ်မတွေ့ဖြစ်။ သို့သော် မနက်အတန်းချိန်ရှ်ိသည့်နေ့တိုင်း သူကစောဆင်းနေစေကာမူ hyungကိုစောင့်ကာ ထမင်းအတူစားမြဲ၊ ညနေအတန်းစောဆင်းစေကာမူ hyung ကိုစောင့်ကာ အတူ
ပြန်မြဲပင်။ ဒါကြောင့်ပင် Mingyu တို့ Sooyung Noona တို့နှင့်ပါ အဖွဲ့ဖြစ်ပြီး အကုန်မနည်းရင်းနှီးနေကြပြီ။ ဒီနေ့အလျင်လိုနေခြင်းမှာ တခြားမဟုတ်၊
ဝက်ချိုချဉ်ကြော်ကြောင့်ပင်။ Hyung က ကန်တင်းက ဝက်ချိုချဉ်ကြော်ကို အရမ်းကြိုက်သည်။ တခြားဟင်းတွေသာ ကျွန်တော်ချက်ကျွေးရင် အရမ်းကောင်း
တယ်ပြောသော်လည်း ဝက်ချိုချဉ်ကြော်ကိုတော့ဖြင့် ကန်တင်းက ပိုကောင်းသည်တဲ့။ကျောင်းကန်တင်း၏ ဝက်ချိုချဉ်ကြော်က နာမည်ကြီးသဖြင့် နည်းနည်းနောက်ကျသည်နှင့် မရတော့။ ဒါကြောင့် ခုလိုအတန်းစောဆင်းသည့်နေ့တိုင်း သူကhyungအတွက် မှာပေးထားမြဲ။ ဒီနေ့လည်း hyungတို့က အတန်းရှိနေသေးသည်မို့
ကိုယ်ကအရင်မှာပေးထားချင်သဖြင့် အမြန်သွားချင်နေခြင်းပင်။ဆရာထွက်သွားသည်နှင့် လွယ်အိတ်ကိုင်ကာ
ထလ်ိုက်သော်လည်း အုပ်စုလိုက်ဝင်လာသည့် စီနီယာများကြောင့် လူကမတ်တပ်။
" ကဲ ဒီနေ့ အတန်းလည်း စောဆင်းတယ်ဆိုတော့ ဗိုက်မဆာကြသေးဘူးမလား အစ်ကိုတို့ အချိန်နည်းနည်းယူမယ်နော်"
ဗိုက်ကမဆာပေမဲ့ ဝက်ချိုချဉ်ကြော်ကတော့ အလျင်လို
တယ်လို့သာ စိတ်ထဲကအော်နေမိသည်။လူကတော့ ပြန်ထိုင်လိုက်ရသည်ပေါ့။
" ဒီနေ့က Fresher Welcome ကိစ္စလေးပြောမလို့ပါ။ နောက်လထဲမှာ လုပ်ဖို့စီစဉ်ထားပါတယ်။ အဲတော့ အားလုံးသိတဲ့အတိုင်း အဲ့ပွဲမှာ King, Queen, Prince, Princess နဲ့ Most Popular Awardsတွေရွေးပါမယ်။မေဂျာတစ်ခုချင်းကနေ the whole ရွေးမှာမို့ ကိုယ့်မေဂျာကရအောင် ကိုယ်စားပြုတွေကို သေချာရွေးကြရ
မယ်နော်။ အဲတော့ ဒီနေ့က ဒီအတန်းရဲ့ ကိုယ်စားပြု
ထွက်မဲ့စာရင်း လာကောက်တာပါ။ တစ်လလောက်ရှိနေပြီဆိုတော့ အကုန်ရင်းနှီးနေကြပြီမလား။ ကိုယ့်သူငယ်ချင်းကို မဲပေးလို့ရသလို ကိုယ်ကိုယ်တိုင် ဆန္ဒရှိရင်လည်း ထွက်လို့ရပါတယ်။ စီနီယာတွေကလည်း ရွေးပေးမှာမို့ မဲအများဆုံးခြောက်ယောက်၊ boy သုံးယောက် girl သုံးယောက်က လေ့ကျင့်မှုတွေလုပ်ပြီး နောက်လ Finalပြိုင်ရမယ်နော်"
အရှေ့က စီနီယာတွေ ပြောနေသမျှက နားထဲ မဝင်တစ်
ချက်ဝင်တစ်ချက်၊ princeဆိုတော့ hyungရတဲ့ ဆုမျိုးပေါ့လေ။ ကိုယ်ကတော့ ဒါတွေနဂိုကတည်းက စိတ်မဝင်စား၊ ခုဆိုပိုဆိုး ဝက်ချိုချဉ်ကြော်က အရေးကြီးနေပါတယ်ဆို။
![](https://img.wattpad.com/cover/206411450-288-k734552.jpg)
ESTÁS LEYENDO
Love is hyung
FantasíaJungkook - ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ အဓိပ္ပာယ်အများကြီး ဖွင့်စရာမလိုအပ်ဘူး။ hyung ဆိုတဲ့ ဖြစ်တည်မှုလေးတစ်ခုနဲ့တင် ရူးသွပ်ပစ်လိုက်ဖို့ လုံလောက်ခဲ့တယ်